ဝန်ကြီးချုပ်ဟောင်းသက်ဆင် မလေးရှားဝန်ကြီးချုပ် အန္နဝါအီဘရာဟင်နဲ့ တွေ့ဆုံခဲ့
PUBLISHED - May 9, 2024
နိုင်ငံတကာ၊ မေ ၉
ခံဝန်နဲ့ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာဟာ ပြီးခဲ့တဲ့သီတင်းပတ် ဖူးခက်ခရီးစဉ်အတွင်း မလေးရှားဝန် ကြီးချုပ်အန္နဝါအီဘရာဟင်နဲ့ တွေ့ဆုံခဲ့ကြောင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။
တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံတောင်ပိုင်းက မတည်ငြိမ်မှုတွေနဲ့ မြန်မာနိုင်ငံထဲက တိုက်ပွဲတွေအကြောင်း ပြေဆိုခဲ့ကြ တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဖီယူထိုင်းပါတီရဲ့ နောက်ကွယ်က ခေါင်းဆောင်လို့ ယူဆထားကြတဲ့ သက်ဆင်ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဖူး ခက်ကိုရောက်ရှိပြီး မေလ ၂ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
ဖူးခက်ခရီးစဉ်ဟာ အားလပ်ချိန်အပန်းဖြေခရီးစဉ်ဖြစ်ကြောင်း သက်ဆင်က ပြောဆိုခဲ့ပေမဲ့ ခရီးစဉ်ရဲ့တကယ့် ရည်ရွယ်ချက်နဲ့ အဲဒီခရီးစဉ်ဟာ ခံဝန်စည်းကမ်းချက်တွေကို ချိုးဖောက်ခြင်းရှိမရှိ မေးခွန်းထုတ်နေကြပါတယ်။
ပရာယွတ်ချန်အိုချာလက်ထက်ကတည်းက ထိုင်းအစိုးရနဲ့ တောင်ပိုင်းသူပုန်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေဖြစ်မြောက်လာအောင် စေ့စပ်ရေးသမားတစ်ဦးအနေနဲ့ မစ္စတာအန္နဝါက စိတ်အားထက်သန်နေသူမို့ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ တောင်ပိုင်းက မတည်ငြိမ်မှုကိစ္စ ပါဝင်မယ်လို့ ယုံကြည်ထားကြောင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုမိုပါဝင်ဆောင်ရွက် အရင်ကတည်းက မစ္စတာအန္နဝါ က တိုက်တွန်းထားတဲ့အတွက် မြန်မာနိုင်ငံက တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားမှာဖြစ်တယ် လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့က ချင်းမိုင်ခရီးစဉ်မှာ သက်ဆင်နဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ဆန့်ကျင်တဲ့အုပ်စုတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တဲ့အတွက်လည်း သက်ဆင်နဲ့ အန္နဝါတို့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။
သက်ဆင်နဲ့ မြန်မာနိုင်ငံက သူပုန်အုပ်စုတွေ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့မူဝါဒ မဟုတ်ဘဲ သက်ဆင်ရဲ့ကိုယ်ရေးကိုယ်တာအဆင့်အရ တွေ့ဆုံခဲ့တာသာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲရစ်ဆန်းအီယမ်ပေါင်ဆာက ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
Ref: Thaksin ‘met with Malaysia’s Anwar’
#PeopleMedia