• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မြန်မာသူပုန်တွေ ဆွေးနွေးတဲ့ကိစ္စ ရှုပ်ထွေးမှုဖြစ်စေနိုင်တဲ့အတွက် အောက် လွှတ်တော်ကော်မတီက စုံစမ်းစစ်ဆေးမည်

ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မြန်မာသူပုန်တွေ ဆွေးနွေးတဲ့ကိစ္စ ရှုပ်ထွေးမှုဖြစ်စေနိုင်တဲ့အတွက် အောက် လွှတ်တော်ကော်မတီက စုံစမ်းစစ်ဆေးမည်

Share this post

နိုင်ငံတကာ၊ မေ ၉

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာနဲ့ မြန်မာနိုင်ငံက သူပုန်အုပ်စုတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ကိစ္စ ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ အောက်လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာ ကော်မတီက ပြောကြားလိုက်ပါတယ်။

 

သက်ဆင်ဟာ မကြာသေးခင်ကပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း VOA Burmese က မေလ ၆ ရက်နေ့ (တနင်္လာနေ့) က ရေးသားဖော်ပြခဲ့ပါတယ်။

 

အဲဒီအဖွဲ့တွေနဲ့ တွေ့ဆုံပြီးနောက် သက်ဆင်ဟာ ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ/ရှမ်းပြည်တပ် မတော် RCSS/SSA အဖွဲ့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ် လို့ VOA က ပြောပါတယ်။

 

သက်ဆင်နဲ့ မြန်မာ့တော်လှန်ရေးအဖွဲ့တွေ တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံနဲ့ ဘာမှမပတ်သက်ကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီး မဲရစ်ဆန်းအီယမ်ပေါင်ဆာက အင်္ဂါနေ့က ပြောပါတယ်။

 

သက်ဆင်ဟာ အစိုးရအဖွဲ့ထဲမှာ ဘာရာထူးမှမရှိတဲ့အပြင် ကိုယ်စားလှယ်အဖြစ်လည်း ဘယ်တုန်းကမှ တရားဝင် ခန့်အပ်ထားခြင်းမရှိတာကြောင့် သက်ဆင်ရဲ့ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ရရှိရေး အတွက် ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို ရှုပ်ထွေးလာစေနိုင်ကြောင်း အောက်လွှတ်တော်ကော်မ တီဥက္ကဋ္ဌ ရိုင်ဆိုင်မန်ရုမ်းက ပြောပါတယ်။

 

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ကြားခံစေ့စပ်ရေးသမားအဖြစ် ထိုင်းနိုင်ငံက ဝင်ရောက်ဆောင်ရွက်တာ ကို ကျွန်တော်ထောက်ခံပါတယ်။ ဒါပေမဲ့ အဲဒီလိုဆောင်ရွက်တာဟာ မျှတပြီး သင့်တော်တဲ့လမ်းကြောင်းကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ အတိုက်အခံ Move Forward ပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ ရိုင်ဆိုင်မန်က ပြောပါတယ်။

 

သက်ဆင်ကို သမီးအငယ်ဆုံး ပေထောင်တန်ရှင်နာဝပ်ရာဦးဆောင်နေတဲ့ အာဏာရဖီယူထိုင်းပါတီရဲ့ ခေါင်း ကိုင်ဖခင်အဖြစ် ရှုမြင်ကြတာဖြစ်ပါတယ်။

 

“နိုင်ငံတကာဆက်ဆံရေးဆိုတာ လွှတ်တော်ရဲ့ကြီးကြပ်မှုအောက်ကနေ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် ဆောင်ရွက်ရမယ့် တာဝန်ပါ။ သက်ဆင်ဟာ လွှတ်တော်ထဲမှာ ဘာရာထူးမှမရှိတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ် သက်ပြီး ဆောင်ရွက်ဖို့ သူ့မှာ ဘာတာဝန်မှမရှိပါဘူး။ သူ့ရဲ့ စေ့စပ်ညှိနှိုှုင်းရေး စည်းကမ်းချက်တွေကို ထိုင်း အစိုးရရဲ့တာဝန်တစ်ရပ်အဖြစ် သတ်မှတ်လို့မရပါဘူး။” လို့ ရိုင်ဆိုင်မန်က ပြောပါတယ်။

 

“အစိုးရဘက်က ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း ငြင်းဆိုတာမရှိတဲ့အတွက် ဘယ်သူက ဝန်ကြီးချုပ်အစစ် လဲ၊ ဘယ်သူက ဆုံးဖြတ်ချက်တွေချဖို့ အာဏာကို ဆုပ်ကိုင်ထားတာလဲဆိုတာ ပြည်သူတွေက သိချင်နေကြပါ လိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

အောက်လွှတ်တော်ကော်မတီဟာ မြန်မာနယ်စပ်က တာခ့်ပြည်နယ် မဲဆောက်ခရိုင်ကိုသွားရောက်ပြီး လူသား ချင်းစာနာမှုဆောင်ရွက်နေတာတွေကို စစ်ဆေးရင်း အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက် တွေကို ကောက်ယူမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံမှာ မစ္စတာသက်ဆင်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပိုမိုသိရှိအောင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Thaksin’s talks with Myanmar rebel groups ‘will cause confusion’ : The Nation

 

#PeopleMedia


Share this post