• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့် တနင်္ဂနွေ အကျဉ်းထောင်က လွတ်မြောက်မယ်လို့ မျှော်လင့်နေ

ဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့် တနင်္ဂနွေ အကျဉ်းထောင်က လွတ်မြောက်မယ်လို့ မျှော်လင့်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

ပြစ်ဒဏ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော် ဝါရီလ ၁၈ ရက်နေ့) မှာ အကျဉ်းထောင်က လွတ်မြောက်လာမှန်လို့ ခန့်မှန်းထားကြပါတယ်။

 

ပြစ်ဒဏ်ကာလ မကုန်ဆုံးမီ ခံဝန်နဲ့ ပြန်လွှတ်မယ့် အကျဉ်းသား ၉၃၀ စာရင်းမှာ သက်ဆင်ရဲ့နာမည်ပါလာတဲ့အ တွက် တနင်္ဂနွေနေ့မှာ ပြန်လွတ်မယ်လို့ ခန့်မှန်းထားတာဖြစ်ကြောင်း တရားရေးဝန်ကြီး တာဝီဆုတ်ဆောင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။

 

ခံဝန်နဲ့ ပြန်လည်လွတ်မြောက်မယ့် အကျဉ်းသားစာရင်းကို ၎င်းအနေနဲ့ အတည်ပြုပြီးကြောင်း တရားရေးဝန်ကြီး က ပြောပါတယ်။

 

“ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းစားစာရင်းကို အတည်ပြုပေးဖို့ အကျဉ်းဦးစီးဌာနက ကျွန်တော့်ကို တင်ပြခဲ့ပါ တယ်။ အကျဉ်းသား ၉၄၅ ဦးအနက် ၉၃၀ ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေဖြစ်ပါတယ်။ သတ်မှတ် ချက်တွေထဲမှာ အပြင်းအထန်နာမကျန်းဖြစ်နေသူတွေ၊ မသန်စွမ်းသူတွေနဲ့ အသက် ၇၀ ကျော်တဲ့သူတွေပါဝင် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ကျန်းမာရေးချို့တဲ့နေတဲ့အတွက် ရဲတပ်ဖွဲ့အထွေ ထွေဆေးရုံကြီးမှာ လပေါင်းများစွာ ဆေးဝါးကုသမှုခံယူနေရပါတယ်။

 

အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက စီရင်ချက်ချမှတ်ခံရပြီးနောက် သက်ဆင်ဟာ ရဲတပ်ဖွဲ့ဆေး ရုံကြီးကို မသွားခင် အကျဉ်းထောင်ခဲမှာ နာရီအနည်းငယ်သာ နေခဲ့ရပါတယ်။

 

မိသားစုတွေကတော့ သက်ဆင်လွတ်မြောက်လာတာနဲ့ နေထိုင်ဖို့အတွက် ချန်ဆောင်လာအိမ်ကြီးကို အသင့် ပြင်ဆင်ထားပြီးဖြစ်ကြာင်း သက်ဆင်ရဲ့သမီးအငယ်ဆုံးဖြစ်သူ အာဏာရဖီယူထိုင်းပါတီရဲ့ခေါင်းဆောင် ပေ ထောင်တန်က ပြောပါတယ်။

 

Ref: Thaksin to walk free from prison on Sunday

 

#PeopleMedia


Share this post