ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ဖိတ်ကြားချက်အရ ပေထောင်တန် ကမ္ဘောဒီးယားကိုသွားရောက်လည်ပတ်
PUBLISHED - March 19, 2024
နိုင်ငံတတကာ၊ မတ် ၁၉
ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ ဖိတ်ကြားချက်အရ ပါတီအမှုဆောင်အဖွဲ့နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံကို တနင်္လာနေ့ (မတ်လ ၁၈ ရက်နေ့) က သွားရောက်လည်ပတ်ခဲ့ပါတယ်။
ပေထောင်တန်နဲ့ အဖွဲ့ကို ကမ္ဘောဒီးယားလေဆိပ်မှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ အငယ်ဆုံးသားဖြစ်သူ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ဝန်ဆောင်မှုဝန်ကြီးဌာနဝန်ကြီး ဟွန်မန်နီက ကြိုဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာတို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပြီးနောက် နှစ်ပတ်အကြာမှာ ပေထောင်တန်နဲ့အဖွဲ့ ခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ပေထောင်တန်တို့တွေ့ဆုံချိန်မှာ ဟွန်မာနက်ဝန်ကြီးချုပ်တာဝန်ထမ်း ဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ နှစ်နိုင်ငံ အာဏာရပါတီနှစ်ရပ်ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် လာ ရောက်ရခြင်းဖြစ်ကြောင်း ပေထောင်တန်က ပြောပါတယ်။
တနင်္လာနေ့က ဆွေးနွေးပွဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ညစ် ညမ်းမှုတွေကိုင်တွယ်ဖြေရှင်းရေးပါ ပါရှိတယ်လို့ ဆိုပါတယ်။
အမျိုးသား Soft Power မဟာဗျူဟာကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပေထောင်တန်ဟာ နှစ်နိုင်ငံကြား ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့အတွက် နည်းလမ်းတွေကို တင်ပြခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အာဆီယံအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်တင်ပြ ခဲ့တဲ့ “အာဆီယံပေါင်းစည်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစီမံချက်” ကိုလည်း တင်ပြခဲ့ပါတယ်။
အဲဒီစီမံချက်ကတော့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းမြှင့်တင်ဖို့ ရည်ရွယ်ပြီး “၆ နိုင်ငံ ခရီးစဉ်တစ်ခု” အယူအဆကို အခြေခံတည်ဆောက်ထားတဲ့ စီမံ ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခေါင်းဆောင်နှစ်ဦးဟာ နယ်စပ်တစ်လျှောက်ဖြစ်ပွားနေတဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ကိစ္စတွေနဲ့ အရေးကြီးတဲ့နေရာတွေမှာ ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် စင်တာတစ်ခုတည်ထောင်သွားဖို့ ဆွေး နွေးခဲ့ပါတယ်။
သက်ဆင်နဲ့ ဟွန်ဆန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းလေးငါးဆယ်ကတည်းက ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။
သက်ဆင်ဝန်ကြီးချုပ်ဘဝ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီး သုံးနှစ်အကြာမှာ သက်ဆင်ကို ကမ္ဘော ဒီးယားအစိုးရရ့ အကြံပေးအဖြစ် ၂၀၀၉ ခုနှစ်မှာ ဟွန်ဆန်က ခန့်အပ်ခဲ့ပါတယ်။
သက်ဆင်ကိုဖမ်းပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့မေတ္တာရပ်ခံခဲ့တဲ့ အဲဒီအချိန်က ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗက်ဂျာဂျီဗာရဲ့ တောင်းဆိုချက်ကိုလည်း ဟွန်ဆန်အစိုးရက ပယ်ချခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားမှာကျင်းပခဲ့တဲ့ ဟွန်ဆန်ရဲ့မွေးနေ့ကို ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချတာခံခဲ့ရတဲ့ သက်ဆင်ညီမ ဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ် ထရာတို့ တက်ရောက်ခဲ့ပါတယ်။
Ref: Cambodian visit aims to strengthen ties, says Paetongtarn
#PeopleMedia