ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံမှာ ရောဂါလေးမျိုးတွေ့ရှိရတဲ့အတွက် အကျဉ်းထောင်ဆေးရုံသီးသန့်ဆောင် မှာ အထူးစောင့်ကြပ်ကုသပေးနေရ
PUBLISHED - August 23, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာထံမှာ ရောဂါလေးမျိုးတွေ့ရှိကြောင်း ဆရာဝန်တွေက စစ်ဆေး ဖော်ထုတ်ခဲ့ပြီးနောက် သက်ဆင်ကို ဘန်ကောက်အကျဉ်းထောင်ထဲက ဆေးရုံမှာ သီးခြားခွဲထားကြောင်း တရား ရေးဦးစီးဌာနက အင်္ဂါနေ့မွန်းလွဲပိုင်းက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ (သြဂုတ်လ ၂၂ ရက်နေ့) မနက်ပိုင်းမှာ သက်ဆင်အနေနဲ့ ပြစ်မှုသုံးခုအတွက် ထောင်ဒဏ်တွေကျခံရမှာ ဖြစ်ကြောင်း ထိုင်းတရားရုံးချုပ်က စီရင်ချက်ချမှတ်ခဲ့ပြီးနောက် ၎င်းကို ဘန်ကောက်ရီမန်အကျဉ်းထောင်ကိုခေါ် ဆောင်သွားခဲ့တာဖြစ်ပါတယ်။
စီရင်ချက်ကို တရားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အာယွတ်ဆင်တော့ဖန်းက မနက် ၁၂ နာရီ ၄၅ မိနစ်မှာ ဖတ်ကြားခဲ့တာဖြစ်ပါတယ်။ အကျဉ်းထောင်အတွင်း သက်ဆင်ရဲ့လုံခြုံရေးအတွက် တရားရေးဦးစီးဌာနက သေသေချာချာဆောင်ရွက်သွား မှာဖြစ်ကြောင်း အာယွတ်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ဆွေမျိုးသားချင်းတွေနဲ့ ထောက်ခံသူတွေ လာရောက်လည်ပတ်လို့ရအောင် သီး ခြားအဆောက်အအုံတစ်ခုခု ဒါမှမဟုတ် နေရာတစ်ခုခုကို ဘန်ကောက်ရီမန်အကျဉ်းထောင်က ဖန်တီး သတ် မှတ်ပေးရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
သက်ဆင်အနေနဲ့ ပြီးခဲ့တဲ့လက အသက် ၇၄ နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် ၎င်းကိုထိန်းသိမ်းထားစဉ်ကာလမှာ ကျန်းမာရေးမထိခိုက်အောင် ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ ကောင်းကောင်းရရှိဖို့လိုအပ်ကြောင်း တရား ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အာယွတ်က ပြောပါတယ်။
အကျဉ်းထောင်အရာရှိတွေက သက်ဆင်ကို အကျဉ်းသားအသစ်အဖြစ် မှတ်တမ်းတင်ထားပြီးဖြစ်သလို ထောင် ဆေးရုံကလည်း သက်ဆင်ရဲ့ကျန်းမာရေးကို စစ်ဆေးပေးပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
သက်ဆင်ထံမှာ ဆရာဝန်တွေတောက်လျှောက်အကဲခတ်ကြည့်ရှုနေရမယ့် ရောဂါစုံရှိနေတဲ့အတွက် သက်ဆင် ဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့အခြေအနေရှိနေတယ်ဆိုတာကို အကျဉ်းထောင်ဆရာဝန်တွေက စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း တရားရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဆစ်သီဆူသီဝေါင်က ပြောပါတယ်။
ရလဒ်အနေနဲ့ ဘန်ကောက်ရီမန်အကျဉ်းထောင်ဆေးရုံရဲ့ အမှတ် ၇ ဇုံထဲမှာ သက်ဆင်ကို သီးခြားထိန်းသိမ်း ထားဖို့ အကျဉ်းထောင်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီနေရာမှာ ကျန်းမာရေးဝန်ထမ်းတွေက သက်ဆင်ကို ၂၄ နာရီလုံး စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဝန်ဆောင်မှုတွေဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆစ်သီက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ထံမှာ နှလုံးသွေးအရောက်နည်းတဲ့ရောဂါ၊ အဆုပ်ရောဂါ၊ သွေးတိုးရောဂါနဲ့ ကျော ရိုးနာ/ အူကျွံနာတွေကိုပါ တွေ့ရှိရပြီး အဲဒီရောဂါတွေအတွက် ဆရာဝန်တွေရဲ့ပုံမှန်စစ်ဆေးကုသမှုကို ခံယူဖို့လို အပ်ကြောင်း ဆစ်သီက ပြောပါတယ်။
Ref: Thaksin diagnosed with four co-morbidities, under close watch in prison hospital
#PeopleMedia