• Follow Us on

Home ဝန်ကြီးဌာနများ၊ဝန်ကြီးချုပ်များအနေဖြင့်လည်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာဖြစ်စေရန်လိုဟုနစကဥက္ကဋ္ဌပြောဆို

ဝန်ကြီးဌာနများ၊ဝန်ကြီးချုပ်များအနေဖြင့်လည်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာဖြစ်စေရန်လိုဟုနစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၉

 

ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ စီးပွားရေးရာကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို သည်။

 

မိမိတို့အနေဖြင့် နှစ်စဉ် ဘက်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှန် တကယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများ ကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား ကဏ္ဍများစွာတွင်  သုံးစွဲရမည့်ငွေကြေးပမာဏများစွာ ရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျတွက်ချက် တောင်းခံသွားစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင် ရွက်ရာတွင် နိုင်ငံတော် ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက် သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာစိုက်ပျိုး နိုင်ရေး မိမိအနေဖြင့်တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေ များ၌ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်းထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက်နှုန်းများကောင်းမွန်ရေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောဆိုသည်။

 

ဝန်ကြီး ဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန်မှန်ကန် ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ဖြစ်ကြောင်း၊ ဝန်ကြီးဌာန များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုးရှိရှိအသုံးပြုရန်လိုကြောင်း၊ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုး ရှိရှိဖြင့် အသုံးချသွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်း၍ ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်သည်ဟုမြင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post