ဝန်ထမ်းတွေလစာတိုးပေးဖို့ ထိုင်းအစိုးရ စဉ်းစားနေ

PUBLISHED - November 6, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၆
အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့အတွက် သင့်တော်တဲ့နှုန်းထားတစ်ရပ်ကို အခုလအတွင်း ဆန်းစစ်လေ့ လာသွားဖို့ ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်နေကြောင်း ဘန်ကောက်ပို့စ်မှာရေးသားထားပါတယ်။
အစိုးရဝန်ထမ်းတွေကို ဘယ်လိုလစာတိုးပေးရမလဲဆိုတာ အစိုးရဝန်ထမ်းကော်မရှင်ရုံး (OCSC) က ဆန်းစစ် လေ့လာမှုတစ်ခုပြုလုပ်သွားမှာဖြစ်ကြောင်း ဘတ်ဂျက်ဗျူရိုရဲ့ ညွှန်ကြားရေးမှူး ချာလန်ဖိုလ်ပန်ဆု(တ်) က နိုဝင် ဘာလ ၅ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောပါတယ်။
ဆန်းစစ်လေ့လာမှုပြုလုပ်ပြီးရင် ဘတ်ဂျက်ဗျူရိုနဲ့ အစိုးရဝန်ထမ်းကော်မရှင်ရုံး (OCSC) တို့က အဲဒီအကြောင်းအ ရာတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး အခုလအတွင်းမှာပဲ အစိုးရအဖွဲ့ထံကို တင်ပြသွားမှာဖြစ်ကြောင်း မစ္စတာချာ လန်ဖိုလ်က ပြောပါတယ်။
လစာတိုးတဲ့အခါ လိုအပ်တဲ့ငွေကြေးတွေကို ဘယ်လိုဖြည့်ဆည်းပေးသွားမှာလဲလို့ မေးမြန်းခံရတဲ့အခါ အဲဒီတိုး မြှင့်မှုအတွက် လိုအပ်ငွေတွေကို ၂၀၂၄ ခုဘဏ္ဍာရေးနှစ်ဘတ်ဂျက်ကဖြစ်စေ ၂၀၂၅ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက် ကဖြစ်စေ ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့က အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်စဉ် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ရဲ့ ညွှန် ကြားချက်ထဲမှာ နိုင်ငံတွင်း အနိမ့်ဆုံးလုပ်ခတိုးမြှင့်ဖို့ပါရှိသလို အစိုးရဝန်ထမ်းတွေကိုလည်း လစာတိုးမြှင့်ပေးဖို့ ပါရှိကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အနိမ့်ဆုံးလုပ်ခတိုးမြှင့်ဖို့နဲ့ ဝန်ထမ်းတွေလစာတိုးမြှင့်ဖို့ဆိုတာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့မူဝါဒကြေညာစဉ်က ပါဝင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ပြောခဲ့သလို အနိမ့်ဆုံးလုပ်ခတိုးမြှင့်ဖို့အတွက် အလုပ်သမားရေး ရာဝန်ကြီးကို ဆန်းစစ်လေ့လာပြီး အစိုးရအဖွဲ့ထံ ပြန်တင်ပြဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း အဲဒီသတင်း ရင်းမြစ်က ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ အစိုးရဝန်ထမ်း ၁.၆၈ သန်းရှိတဲ့အနက် ကျောင်းဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း တွေက ၄၂၇,၀၀၀ ဝန်းကျင်၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ၄၂၁,၀၀၀ ဝန်းကျင်နဲ့ စစ်မှုထမ်းတွေက ၃၂၅,၀၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။
ဒ့ါအပြင် နောက်ထပ်အစိုးရလုပ်ငန်းတွေ၊ တက္ကသိုလ်တွေ၊ အစိုးရအေဂျင်စီတွေနဲ့ အစိုးရအဖွ့ဲအစည်းတွေမှာ နောက်ထပ်ဝန်ထမ်းပေါင်း ၁.၂၄ သန်းရှိသေးကြောင်း သိရပါတယ်။
ဖီယူထိုင်းပါတီအာဏာရလာရင် ဝန်ထမ်းတွေအတွက် အနိမ့်ဆုံးလစာကို ဘတ်ငွေ ၂၅၀၀၀ ကနေ စတင်ပေး အပ်သွားမှာဖြစ်ကြောင်း လက်ရှိဖီယူထိုင်းပါတီခေါင်းဆောင်ဖြစ်နေတဲ့ ပေထောင်တန်ရှင်နာဝပ်ထရာက ဖေဖော် ဝါရီ ၁၇ ရက် ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ပြောကြားခဲ့ပါတယ်။
ဖီယူထိုင်းပါတီအနေနဲ့ ၂၀၂၇ ခုနှစ်အတွင်း ဘွဲ့ရတစ်ဦးအတွက် လစာငွေကို ဘတ်ငွေ ၂၅၀၀၀ စတင်ရရှိဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အစိုးရဝန်ထမ်းတွေအတွက်လည်း လစာငွေတိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း အဲဒီ အချိန်က ပါတီခေါင်းဆောင်ဖြစ်သူ ချိုနန်ဆရီကွေးက ပြောကြားခဲ့ပါတယ်။
Ref: Govt mulls salary bump
#PeopleMedia