• Follow Us on
Latest News

Home ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျော်ရွှင်အောင်မြင်တဲ့နိုင်ငံထဲမှာ ထိုင်းနိုင်ငံဟာ အာရှ အဆင့် ၄ ရရှိ

ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျော်ရွှင်အောင်မြင်တဲ့နိုင်ငံထဲမှာ ထိုင်းနိုင်ငံဟာ အာရှ အဆင့် ၄ ရရှိ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၇

 

ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်း စုစုပေါင်း ၃၇% ဟာ ၎င်းတို့လုပ်ငန်းတွေမှာ ပျော်ရွှင်အောင် မြင်စွာဆောင်ရွက်နိုင်ကြောင်း ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းခွင် အခြေအနေ ကြိုတင်ကောက်ယူမှု အစီရင်ခံစာ (2024 Gallup State of the Global Workplace report) မှာ ဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံဟာ အာရှတိုက်ထဲက လုပ်သားများပျော်ရွှင်အောင်မြင်တဲ့နိုင်ငံတွေထဲမှာ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ စင်္ကာ ပူပြီးရင် အဆင့် ၄ နေရာကို ရရှိထားပါတယ်။

 

အမေရိကန်နိုင်ငံတကာဆန်းစစ်လေ့လာမှုနဲ့ အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gallup အဖွဲ့ဟာ ပျော်ရွှင်အောင်မြင် ခြင်း၊ ရုန်းကန်လှုပ်ရှားနေရခြင်းနဲ့ ဆင်းရဲဒုက္ခကြုံတွေ့နေရခြင်းဆိုတဲ့ ခေါင်းစဉ်သုံးမျိုးအောက်မှာ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း/လုပ်သားတွေရဲ့ ကာယ/စိတ္တ သုခနှစ်ဖြာအခြေအနေကို ဆန်းစစ်လေ့လာခဲ့ပြီး အခုလို ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၆၀ ကျော်က ဝန်ထမ်း/လုပ်သားပေါင်း ၁၂၈၀၀၀ ဝန်းကျင်ကို ဆန်း စစ်လေ့လာခဲ့တာဖြစ်ပါတယ်။

 

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တုံ့ပြန်ရာမှာ ၃၄% က ပျော်ရွှင်အောင်မြင်တယ်လို့ ဖြေဆိုသလို ၅၈% က ရုန်း ကန်လှုပ်ရှားနေရတယ်လို့ ဖြေဆိုပြီး ၈% ကတော့ ဆင်းရဲဒုက္ခ ကြုံတွေ့နေရတယ်လို့ ဖြေပါတယ်။

 

တစ်ကမ္ဘာလုံး လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်မြင်တဲ့ ထိပ်တန်း ၁၀ နိုင်ငံကတော့ ၁) ဖင်လန် ၈၃%၊ ၂) ဒိန်းမတ် ၇၇%၊ ၃) အိုက်စလန် ၇၆%၊ ၄) နယ်သာလန် ၇၁%၊ ၅) ဆွီဒင် ၇၀%၊ ၆) အစ္စရေး ၆၉%၊ ၇) နော်ဝေ ၆၇%၊ ၈) ကော်စတာရီကာ ၆၂%၊ ၉) ဘယ်လ်ဂျီယမ် ၆၀% နဲ့ ၁၀) သြစတေးလျ ၆၀% တို့ဖြစ်ပါတယ်။

 

တစ်ကမ္ဘာလုံး လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်မြင်တဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲမှာ ဥရောပနိုင်ငံ ၇ နိုင်ငံပါဝင်တယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အာရှတိုက်ရဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင်မြင်တဲ့ ထိပ်တန်း ၁၀ နိုင်ငံကတော့ ၁) ဗီယက်နမ် ၅၁%၊ ၂) ထိုင်ဝမ် ၄၁%၊ ၃) စင်္ကာပူ ၃၉%၊ ၄) ထိုင်း ၃၇%၊ ၅) ဖိလစ်ပိုင် ၃၆%၊ ၆) တရုတ် ၃၆%၊ ၇) တောင်ကိုရီးယား ၃၄%၊ ၈) မလေးရှား ၃၁%၊ ၉) ဂျပန် ၂၉% နဲ့ ၁၀) မွန်ဂိုလီးယား ၂၉% ဖြစ်ပါတယ်။

 

“လုပ်ငန်းခွင် ပျော်ရွှင်အောင်မြင်နေသူတွေဟာ အလုပ်ထဲမှာ အဓိပ္ပါယ်ရှိရှိနဲ့ ပျော်ရွှင်အောင်မြင်စွာတာဝန်ထမ်း ဆောင်နေရတယ်လို့ ခံစားရပြီး နေ့စဉ် အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုအခြေအနေမျိုး နည်းပါးပါတယ်။ လုပ်ငန်းခွင်ထဲက ဝန်ထမ်း တစ်ဝက်လောက်ဟာ ပျော်ရွှင်အောင်မြင်နေပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

 

မှတ်သားစရာတစ်ခုက ထိုင်းနိုင်ငံဟာ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့တူ လုပ် သားအခွင့်အရေးနိမ့်ပါးတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပြီး ဗီယက်နမ်ကတော့ ဂျပန်၊ တောင်ကိုရီးယား၊ တခြား ဥရောပနိုင်ငံတွေနဲ့အတူ လုပ်သားခွင့်အရေး မြင့်မားတဲ့နိုင်ငံတွေ စာရင်းမှာပါဝင်နေတာပဲဖြစ်ပါတယ်။

 

Ref: Thailand 4th in Asia in number of employees thriving in workplaces

 

#PeopleMedia


Share this post