ဝန်းသိုမြို့နယ်တွင် PDF အလောင်း (၁၄) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - December 28, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးကျေးရွာအနီးတွင် PDF အလောင်း (၁၄) လောင်းနှင့် လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
ဒီဇင်ဘာလ (၂၇) ရက် ညနေ (၅) နာရီခန့်က ဝန်းသိုမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များသည် ဝင်းကြီးကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
အဆိုပါတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၁၄)ဦး သေဆုံးသွားပြီး လက် လုပ်စိန်ပြောင်း (၃)လက်၊ ၄၀ မမ ဗုံးသီး (၆)လုံး၊ အမ်-၂၂ ကျည် (၃၅၂)တောင့်၊ အမ်-၂၂ ကျည်အိမ် (၁)ခု၊ အိုင်ကွန် (၅)လုံး၊ PDF တံဆိပ်ပါ အစိမ်းရောင်ယူနီဖောင်း (၃)စုံ၊ ပြောက်ကျား ကျောပိုးအိတ် (၆)လုံး၊ ဆိုင် ကယ် ၅ စီးနှင့် ကား ၁ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။
#PeopleMedia