• Follow Us on
Latest News

Home ဝန်းသိုမြို့နယ်တွင် PDF အလောင်း သုံးလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဝန်းသိုမြို့နယ်တွင် PDF အလောင်း သုံးလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကျွဲခြံကူးကျေးရွာအနီးတွင် PDF အလောင်း သုံးလောင်းနှင့် လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

 

ယနေ့ သြဂုတ်လ (၁၈) ရက် နံနက် (၆) နာရီခန့်က ကျွဲခြံကူးကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် သုံးဦး သေဆုံးသွားပြီး လက်လုပ် တစ်တောင့်ထိုး သေနတ် (၇)လက်၊ လက်လုပ် လက်ပစ်ဗုံး (၇)လုံး၊ လက်လုပ်မိုင်း (၁၀)လုံး၊ M-22 ကျည်အိမ် (၂)ခု၊ M-22 ကျည် (၁၂၀)တောင့်၊ အိုင်ကွန် (၃)လုံး၊ အိုင်ကွန် အထိုင်စက် (၁)လုံး၊ သုံး ယောက်အိပ်တဲ (၇)လုံး၊ တစ်ယောက်ပစ်ကျင်း (၅)ကျင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post