‘ဝ’နှင့် တရုတ်နယ်စပ်ရှိ မန်ခါးဂိတ်ကို တရုတ်ဘက်မှပိတ်
PUBLISHED - August 26, 2024
နေပြည်တော်၊ ဩဂုတ် ၂၆
‘ဝ’တပ်ဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေရှိ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ် မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်မှ သြဂုတ်လ ၂၄ ရက် စပြီး ပိတ်ထားလိုက်ကြောင်း ဝအခြေစိုက်မီဒီယာများ ဖော်ပြ ထားကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အကြမ်းဖက်အဖွဲ့များ တိုက်ခိုက်ချိန်ကစတင်ကာ ‘ဝ’နှင့် တရုတ်နယ်စပ်ရှိ ဂိတ်များတွင် တရုတ်နိုင်ငံဘက် ကုန်ပစ္စည်း အဝင်အထွက်များကို တင်ကြပ်ခဲ့ပြီး ယခုပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
‘ဝ’နှင့် တရုတ်နယ်စပ်ရှိ မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်သည့်အပြင် မုံးအနှင့် တခြား နယ်စပ်ဂိတ်တစ်ခုလည်း ကုန်ပစ္စည်းအဝင်အထွက်များကို တင်းကြပ်လာကြောင်း သိရသည်။
တရုတ်နယ်စပ်မှ ဝဒေသကို နယ်စပ်ဂိတ်လေးခုမှ ကုန်ပစ္စည်းများ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia