ဝမ်းတွင်းမြို့နယ်၌ နွားကျောင်းနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

PUBLISHED - January 27, 2022
မန္တလေး၊ ဇန်နဝါရီ ၂၇ (People Media)
ဇန်နဝါရီ ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖုန်းဆိုးကျေးရွာ၌ နေထိုင်သည့် အမျိုးသမီး တစ်ဦးသည် နွားကျောင်းနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ်၊ ဖုန်းဆိုးကျေးရွာ၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် နွားစားကျက်၌ နွား ကျောင်းပြီးအပြန် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သသည်။
“လူရော နွားတွေရော ပြန်ရောက်မလာတော့ လိုက်ကြည့်တော့ စားကျက်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေ တာ” လို့ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့်လက ဝမ်းတွင်းမြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးသည် ကျောင်းတိုက်အတွင်း၌ ဆွမ်းစားနေစဉ် သေနတ်သမားများက ကျောင်းတိုက်တွင်း ဝင်ရောက်လုပ်ကြံခဲ့မှုကြောင့် ကျောင်းထိုင်ဆရာ တော် ပျံလွန်တော်မူခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ ပညာရေးဝန်ထမ်းအချို့၊ ဆရာတော်အချို့နှင့် နိုင်ငံရေးပါတီဝင်များကို လိုက်လံ လုပ်ကြံ သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
Photo – Credit
#PeopleMedia #ဝမ်းတွင်း #လုပ်ကြံသတ်ဖြတ်မှု
(unicode)
……………………………………………………………
မန်တလေး၊ ဇနျနဝါရီ ၂၇ (People Media)
Photo – Credit