ဝမ်းတွင်းမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး
PUBLISHED - December 18, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ ကြွယ်ကန်ကျေးရွာအနီး ကျောက်ဆည်-မိတ္ထီလာသွား သည့် ကားလမ်းမဘေးတွင် ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကြွယ်ကန်ကျေးရွာမှ ဈေးဝယ်ပြီး ဦးတင်မင်းမှာ တူမဖြစ်သူနှင့် အတူ မော်တော်ဆိုင်ကယ်ဖြင့် ကမ်းပါးနီကျေးရွာသို့ မောင်းနှင်လာစဉ် ကျာက်ဆည်-မိတ္ထီလာသွားသည့် ကား လမ်းမဘေးတွင် PDF များမှ ထိုမော်တော်ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဦးတင်မင်းကို သေနတ်ဖြင့် ပစ်ခတ်လိုက် ကြောင်း သိရသည်။
ထိုသေနတ်ဖြင့်ခတ်ခံရသည့် ကမ်းပါးနီကျေးရွာတွင် နေထိုင်သည့် အသက်(၄၈) နှစ်အရွယ် ဦးတင်မင်းမှာ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာတို့ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်တစ်ချို့တွင် PDF များသတ်ဖြတ်မူကြောင့် ပြည်သူများသေဆုံးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia