• Follow Us on
Latest News

Home ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်အပါအဝင် အမျိုးသမီး (၄) ဦးကို အလုပ်သမားတစ်ဦးမှ တူဖြင့်ထုသတ် ရွှေ၊ ငွေနှင့် အခြားပစ္စည်းများ ယူဆောင်

ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်အပါအဝင် အမျိုးသမီး (၄) ဦးကို အလုပ်သမားတစ်ဦးမှ တူဖြင့်ထုသတ် ရွှေ၊ ငွေနှင့် အခြားပစ္စည်းများ ယူဆောင်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ အမှတ်(၃) ဗဟိုရပ်ကွက်တွင် ယက္ကန်းရုံပိုင်ရှင်အပါအဝင် အမျိုးသမီး (၄) ဦးကို အလုပ်သမားတစ်ဦးမှ တူဖြင့်ထုသတ်၍ ရွှေ၊ ငွေနှင့် အခြားပစ္စည်းများကို ယူဆောင်သွား ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၁ ရက် နံနက် (၆) နာရီအချိန်တွင် မိသားစုဝင်များ သတ်ဖြတ်ခံရကြောင်း ဒေသခံလူမှုကူညီရေး အသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

 

“သတ်သွားတဲ့သူကို ဖမ်းဆီးရမိပြီပြောတယ်။ အိမ်ကိုဖောက်တာ အိမ်ရှင်တွေက မိလို့အော်ရင်းနဲ့ အော်တဲ့သူ အကုန်လုံးကို ယက္ကန်းစင်ထုတဲ့တူနဲ့ သတ်သွားတာ။ ယက္ကန်းသံနဲ့ဆိုတော့ ဘယ်သူမှမကြားကြဘူး။ အသတ်ခံ ရတဲ့သူတွေက အသတ်ကြီးနေတဲ့သူတွေပါတယ်။ သတ်ခံရတဲ့သူတွေက အလုပ်ရှင်နဲ့ သူ့သမီး၊ အလုပ်ရှင်ရဲ့ အစ်မ၊ နေအိမ်မှာ အလုပ်လုပ်တဲ့သူတွေသတ်ခံရတယ်။ ရွှေ၊ ပိုက်ဆံ တခြားပစ္စည်းတွေလည်း ပါသွားတယ်” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

 

ထိုသတ်ဖြတ်ခံရသည့် အသက်(၇၈) နှစ်အရွယ် ဒေါ်ကြည်၊ အသက် (၆၈) နှစ်အရွယ်ဒေါ်မြသွေး၊ အသက်(၅၃) နှစ်အရွယ်ဒေါ်စန္ဒာနှင့် အသက်(၃၈) နှစ်အရွယ် မဇင်ဇင်အေးတို့ဖြစ်ပြီး ၎င်းတို့ကို ဇန်နဝါရီလ ၁၂ ရက် နေ့လည် (၂) နာရီ နေ့လည် (၂) နာရီအချိန်တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post