ဝမ်းတွင်းမြို့တွင် ရဲအုပ် (၁) ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - July 14, 2023
နေပြည်တော်၊ ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁) ရပ်ကွက်တွင် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီအချိန်က ရဲအုပ် ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့၊ အမှတ်(၁) ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ သတင်းတပ်ဖွဲ့(SB) ယာယီရုံးရှေ့၌ တပ်ဖွဲ့စိတ်မှူး ရဲအုပ်သိန်းဇော်မိုးသည် ရုံးအရှေ့၌ ရှိနေစဉ် PDF အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားသဖြင့် ရဲအုပ်သိန်းဇော်မိုးတွင် နောက်စေ့ဖောက်ဝင်ဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံး ခဲ့ကြောင်း သိရသည်။
#PeopleMedia