ဝမ်းတွင်းမြို့တွင် အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦး ဂိမ်းကို နေ့ညဆော့ကစားရာမှတစ်ဆင့် ခေါင်း ကိုက်၊ နားကိုက်ဝေဒနာဖြင့် သေဆုံး
PUBLISHED - February 22, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ သဖန်းကျေးရွာတွင် နေထိုင်သည့် အသက် (၁၈) နှစ်အ ရွယ် အမျိုးသားတစ်ဦးမှာ ဂိမ်းကို ဖုန်းဖြင့် နေ့ရောညပါ အချိန်ဆက်တိုက်ဆော့ကစားရာမှတစ်ဆင့် ခေါင်းကိုက်၊ နားကိုက်ဝေဒနာဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမျိုးသားတစ်ဦး ခေါင်းကိုက်၊ နားကိုက်ဝေဒနာဖြစ်သောကြောင့် မျိုးဆက်သစ် လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဝမ်းတွင်းမြို့မှ မိတ္ထီလာဆေးရုံသို့ ပို့ဆောင် စဉ်အတွင်း ထိုဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ ထိုသေဆုံးသည့် အမျိုးသားမှာ ဂိမ်းကို နေ့ရောညပါ ဖုန်းအလွန်အကျွံကစားသူဖြစ်ကြောင်း မိသားစုဝင်များ ၏ပြောပြာ ချက်အရသိရသည်။
ထိုရုပ်အလောင်းကို မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ၎င်းတို့နေထိုင်သည့် နေအိမ်သို့ ပြန်လည်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia