ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - March 15, 2024
နေပြည်တော်၊ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်ကို PDF အဖွဲ့ ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
မတ်လ (၁၄)ရက် ညနေ (၆)နာရီခန့်က ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာအလှူပွဲသု့ိ သွားရောက်ပြီး ညောင် အုပ်ဖီးကျေးရွာကို ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်အား လူရှင်းသည့် နေရာအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း Wundwin Township Revolution Force’s က ထုတ်ပြန်ထား သည်။
PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် (၄၂)နှစ်အရွယ်ရှိ ဦးတင်ဆင့်၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာ (၂)ချက် ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းနောက်တွင် အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်၏ ရုပ်အလောင်းအား အခင်းဖြစ်ပွါးသည့် ညနေတွင် ၎င်း၏ မိသားစုဝင်များမှ လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်အနေဖြင့် ကျေးရွာအုပ်စုဝန်းကျင်တွင် ဆောင်းဘောက်အငှားလိုက်ဖွင့်သည့် လုပ်ငန်း လုပ်ကိုင်ကြောင်း သိရှိရသည်။
#PeopleMedia