ဝမ်းတွင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး PDF အဖွဲ့ဝင်များ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံး
PUBLISHED - March 20, 2024
နေပြည်တော်၊ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသည် PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
မတ်လ (၁၉) ရက် ညနေ (၅)နာရီ (၅၀) မိနစ်အချိန် သီးကုန်းရွာမှ အုပ်ချုပ်ရေးမူး ဦးမောင်ပုသည် ဝမ်းတွင်း မြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး သီးကုန်းကျေးရွာသို့ အပြန်လမ်းတွင် PDF အဖွဲ့ဝင်များမှ စောင့်ကြို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမောင်ပု၏ ရင်ဘတ်တွင် သေနတ်ကျည် (၅) ချက် ထိမှန်ခဲ့ပြီး ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဦးမောင်ပု ကိုင်ဆောင်သည့် လက်လုပ်သေနတ်နှင့် ကျည်ဆံများကို သိမ်းဆည်းသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၃)ရက်ကလည်း ဝမ်းတွင်းမြို့နယ် ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆင့် သည် အလှူတစ်ခုမှ ပြန်လာစဉ် PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
#PeopleMedia