• Follow Us on

Home ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၁၃၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြု

ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၁၃၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြု

Share this post

နေပြည်တော်၊ ဇူလိုင် ၁၀

 

ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း(၁၃၀)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်နေ့၊ နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ်(၆၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၇)ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများ ဖြစ်ကြောင်း သိရသည်။

 

လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိပြီး ဇူလိုင် ၉ ရက်နေ့၊ ညနေ ၆နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၁၃၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားမှုမှာ စတင်လျော့ကျလျက်ရှိကြောင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia


Share this post