ဝါးခယ်မမြို့တွင် စိတ်ဝေဒနာခံစားနေရသူမှ မင်္ဂလာဆောင်သွားသည့် အမျိုးသားကို ဓားဖြင့်ခုတ်

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ကနစိုးကျေးရွာတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦးမှ မင်္ဂလာဆောင်သွားသည့် အမျိုးသားကို ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦးမှ ကနစိုကျေးရွာရှိ မင်္ဂလာဆောင်သို့ လမ်းလျောက်သွားစဉ် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသားမှ ဓားဖြင့်လိုက်ခုတ်ရာ ထိုအမျိုးသားအခင်းနေရာတွင် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
“ရူးနေတဲ့သူက မင်္ဂလာဆောင်သွားတဲ့အမျိုးသားကို ဓားနဲ့ခုတ်တာ။ အရင်ကလည်း အဲ့ဒီရူးနေတဲ့သူက သူ့ရဲ့အမေကိုလည်း ခုတ်သေးတယ်။ ဘာမှတော့မဖြစ်ဘူး။ ပတ်ဝန်းကျင်က လိုက်ဖမ်းတော့လည်း ဖမ်းတဲ့သူတွေကို လိုက်ခုတ်တာ။ သူကိုတော့ ခုရဲတွေဖမ်းသွားပြီ” လို့ ရုပ်အလောင်းအား သွားရောက် သယ်ဆောင်သည့် ဘက်စုံစုပေါင်းကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဓားခုတ်ခံရသည့် အမျိုးသားမှာ အသက်(၅၀) ဝန်းကျင်ရှိပြီး ဓားခုတ်ခံရမှုကြောင့် လည်ပင်းနှင့် လက်တို့တွင် ဒဏ်ရာများဖြင့်သေဆုံးသည့် ရုပ်အလောင်းကို ဝါးခယ်မပြည်သူ့ဆေးရုံရှိရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက်၊ ရုပ်အလောင်းကို ကနစိုးကျေးရွာရှိ နေအိမ်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia