• Follow Us on

Home ဝါးခယ်မမြို့တွင် မော်တော်ယာဉ်တစ်စီးမှ စက်ဘီးအားတိုက်မိရာ စက်ဘီးစီးနင်းသူအမျိုးသားသေဆုံး၊ ထိုမော်တော်ယာဉ်မှာ အရှိန်လွန်၍ ချောင်းထဲသို့ ပြုတ်ကျရာ အမျိုးသား (၂) ဦးဒဏ်ရာရ

ဝါးခယ်မမြို့တွင် မော်တော်ယာဉ်တစ်စီးမှ စက်ဘီးအားတိုက်မိရာ စက်ဘီးစီးနင်းသူအမျိုးသားသေဆုံး၊ ထိုမော်တော်ယာဉ်မှာ အရှိန်လွန်၍ ချောင်းထဲသို့ ပြုတ်ကျရာ အမျိုးသား (၂) ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ကြာဖြူကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးမှ စက်ဘီးအား တိုက်မိရာ စက်ဘီးစီးနင်းသူအမျိုးသားတစ်ဦးသေဆုံးပြီး၊ ထိုမော်တော်ယာဉ်မှာ အရှိန်လွန်၍ ချောင်းထဲသို့  ပြုတ်ကျရာ အမျိုးသား (၂) ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ဇန်နဝါရီလ ၂၁ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် ရန်ကုန်ဘက်မှ မောင်းနှင်လာသည့် ယာဉ်မှာ စက်ဘီးစီးနင်းသူ အမျိုးသားကိုတိုက်မိသောကြောင့် ထိုမော်တော်ယာဉ်မှာ အရှိန်လွန်၍ တံတားအောက်ရှိ ချောင်းထဲသို့ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

“စက်ဘီးစီးနင်းတဲ့သူအမျိုးသားသေတယ်။ ကားမောင်းတဲ့အမျိုးသားက ဦးခေါင်းထိတယ်။ ယာဉ်အကူကတော့ ဘယ်ဘက်ခြေထောက်ထိတယ်” လို့ ဘက်စုံစုပေါင်းကွန်ယက်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

ထိုဒဏ်ရာရရှိသူအမျိုးသား(၂) ဦးကို ဝါးခယ်မမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး၊ သေဆုံးသူရုပ်အလောင်းကို ရင်ခွဲရုံမှတစ်ဆင့် သဲကုန်းကျေးရွာရှိ နေထိုင်သည့် နေအိမ်သို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post