• Follow Us on
Latest News

Home ဝိုင်းမော်နှင့် မိုးညှင်းတို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိ

ဝိုင်းမော်နှင့် မိုးညှင်းတို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၈

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နှင့် မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၃ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် တပ်ဖွဲ့ဝင်များသည် သတင်းအရ ဝိုင်းမော်မြို့၊ ရပ်ကွက် (၂) ကချင်စု(မြောက်)နေ ဆန်းလင်းနှင့် မကော့မွန်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၂၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉၆ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၄ သိန်း) တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းလင်း(၂၇)နှစ် နှင့် မကော့မွန်း(၄၁)နှစ်တို့အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ဆက်လက်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ ဖားကန့်မြို့ဘက်သို့ ထက်အောင်(ခ)ထက်ထက်အောင် မောင်းနှင် လာသည့် NISSAN AD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ဘိန်းဖြူအလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း)၊ မြန်မာ ငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထက်အောင်(ခ) ထက်ထက်အောင် (၃၁) နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post