• Follow Us on
Latest News

Home ဝိုင်းမော်ဘက်ကမ်းမှ မြစ်ကြီးနားဘက်သို့ သွားလာနေသည့် စက်လှေဆိပ်များအားလုံး ယာယီပိတ်ထား

ဝိုင်းမော်ဘက်ကမ်းမှ မြစ်ကြီးနားဘက်သို့ သွားလာနေသည့် စက်လှေဆိပ်များအားလုံး ယာယီပိတ်ထား

Share this post

မြစ်ကြီးနား၊ မေ ၂၁

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး ၌ တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေ မှုကြောင့် ယနေ့ (မေလ ၂၁ ရက်နေ့)မှ စတင်ကာ ဝိုင်းမော်ဘက်ကမ်းမှ မြစ်ကြီးနားဘက်သို့ သွားလာနေသည့် စက်လှေဆိပ်များအားလုံး ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဝိုင်းမော်မြို့၊ အောင်မြေ ၁၊ ၂ ၊ ရွှေညောင်ပင် ကျေးရွာများတစ်ဝိုက် မေလ ၁၈ ရက်နေ့မှ စတင်ကာ တပ်မတော် စခန်းများ၊ ပြည်သူ့စစ်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ယနေ့တွင် စက်လှေဆိပ်များကို ပိတ်လိုက် ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

“ဝိုင်းမော်တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်တော့ လှေနဲ့ မြစ်ကြီးနားကို ကူးတာတွေများလာတယ်။ မနေ့က နေ့လည် ပိုင်းလောက်ကစပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ယာယီရပ်နားထားခိုင်းလိုက်ကြတယ်။ လက်ရှိမှာ ကားလမ်းကနေပဲ သွားလာနေရတယ်” ဟု ၎င်းကပြောသည်။

 

ကားလမ်းဖြင့်သာ သွားလာရသည့်အတွက် နောင်ဟီးကျေးရွာ၊ မခန္တီးကျေးရွာဘက်မှ ဒေသခံများမှာ လမ်းပန်း ဆက်သွယ်ရေး အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရကြောင်း နောင်ဟီးကျေးရွာနေ ဒေသခံတစ်ဦးက ပြော သည်။

 

“နောင်ဟီးကနေ တစ်ချို့တွေကတော့ မြစ်ကြီးနားကို လှေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတယ်။ ကျန်တဲ့လူတွေလဲ အခု စက်လှေဆိပ်ပိတ်လိုက်တော့ ဆိုင်ကယ်တွေနဲ့ပဲ ဝိုင်းမော်ဘက်ကနေသွားလာနေရတယ်။ လက်ရှိ စက်သုံး ဆီဈေးနဲ့ လမ်းခရီးကြား လက်နက်ကြီးသံတွေ သေနတ်သံတွေကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ပဲ သွား လာနေရတယ် ” ဟု ၎င်းကပြောသည်။

 

လက်ရှိ ဝိုင်းမော်မြို့ ခလရ ၃၂၁ တပ်ရင်းအနီး တိုက်ပွဲများဖြစ်ပွားနေကာ မြစ်ကြီးနားမြို့ဘက်မှလည်း လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရကြောင်း သိရသည်။

 

ဗညားနွဲ့

 

Photo – Crd

 

#PeopleMedia


Share this post