• Follow Us on

Home ဝိုင်းမော်မြို့နယ်၊ ကဇူးတံတားအနီးရှိ တပ်စခန်းအား KIA လက်နက်ကိုင်အဖွဲ့မှ ဒရုန်းဖြင့် လာရောက်တိုက် ခိုက်

ဝိုင်းမော်မြို့နယ်၊ ကဇူးတံတားအနီးရှိ တပ်စခန်းအား KIA လက်နက်ကိုင်အဖွဲ့မှ ဒရုန်းဖြင့် လာရောက်တိုက် ခိုက်

Share this post

မြစ်ကြီးနား၊ အောက်တိုဘာ ၂၅

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီး-ဗန်းမော်သွားလမ်းပေါ်ရှိ ကဇူးတံတားအနီးရှိ တပ်စခန်းအား KIA လက်နက်ကိုင်အဖွဲ့မှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်၍ အောက်တိုဘာလ ၂၅ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြစ်ကြီးနား – ဗန်းမော် သွားလမ်းတွင်ရှိသည့် ကဇူးတံတားအား လုံခြုံရေးယူထားသည့် တပ်မတော်စခန်းအား KIAလက်နက်ကိုင်အဖွဲ့မှ သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြှစ် တစ်ဦးက ပြောပြသည်။

 

“KIA အဖွဲ့က ည ၈ နာရီခွဲ အချိန်‌လောက်မှာ ဒရုန်းကို အသုံးပြုပြီး ဗုံးသီးသုံးလုံး လာချတယ်။ တာဝန်ကျနေ တဲ့ တပ်မတော်နဲ့ ပစ်ခတ်မှုတွေဖြစ်တယ်။ တပ်မတော်ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ၎င်းက ဆိုသည်။

 

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ယင်းတိုက်ပွဲ ဖြစ်ပွားရာသို့ တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ကူပစ်ပေးခဲ့ခြင်းကြောင့် KIA လက်နက်ကိုင် အင်အား (၇၀) ခန့်သည် လာရာလမ်းကြောင်းအတိုင်း ပြန်ဆုတ်ခွာသွားကြောင်း သတင်းရင်းမြှစ်များထံက သိရသည်။

 

မြစ်ကြီးနား – ဗန်းမော်သွားသည့် လမ်းပိုင်းတွင် ဇူလိုင်လအတွင်းကစ၍ တပ်မတော်နှင့် KIA လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ယင်းလမ်းပိုင်းအား သွားလာခွင့် ကန့်သတ်ထားသည့်နေရာဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမှုကြောင့် အဆိုပါ ဒေသခံမှ ပြည်သူများဘေးလွတ်ရာသို့ ပြောင်းရွေ့နေ ထိုင်နေကြောင်း သိရသည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post