ဝူဟန်မြို့က လူမရှိတဲ့လမ်းမှာ လူကြီးတစ်ယောက်လဲကျသေဆုံး

PUBLISHED - January 31, 2020
ဝူဟန်၊ ဇန်နဝါရီ ၃၁
ပလတ်စတစ်ဈေးဝယ်အိတ်လက်တစ်ဖက်မှာ ကိုင်ထားပြီး နှာခေါင်းစည်းတပ်ထားတဲ့ ဆံပင်ဖြူ အမျိုးသား တစ်ယောက် ဝူဟန်မြို့မှာ ဇန်နဝါရီ ၃၀ ရက်မှာလဲကျသေဆုံးနေတာတွေ့ပါတယ်။
ဖြတ်သွားဖြတ်လာအနည်းအကျဉ်းရှိပေမဲ့ သူတို့ကလည်း အနားမကပ်ရဲဖြစ်နေပါတယ်။ ကာကွယ်ရေးဝတ်စုံ ပြည့်ဝတ်လာတဲ့ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါတဲ့ အရေးပေါ်ကားတွေရောက်လာမလာခင်အထိ ကြာသပတေးနေ့ မနက်ပိုင်းမှာ AFP သတင်းစာဆရာတွေက အလောင်းကိုမြင်တွေ့ခဲ့ပါတယ်။
အသက် ၆၀ ၀န်းကျင်ရှိနေပြီလို့ထင်ရတဲ့ အဲဒီအမျိုးသား ဘယ်လိုသေဆုံးခဲ့သလဲ မရှင်းလင်းသေးသလို ဒေသ ကျန်းမာရေးအရာရှိတွေကလည်း အသေးစိတ်ထုတ်ပြောတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ အကာအကွယ်ဝတ်စုံ ပြည့်ဝတ်ထားတဲ့ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် မြို့ထဲမှာကြောက်စိတ်တွေပိုများနေပါတယ်။
ဝူဟန်ဟာ ကိုရိုနာဗိုင်းရပ်စ်သစ် 2019-nCoV စပြန့်နှံ့ခဲ့တဲ့နေရာဖြစ်ပါတယ်။ အခုလလယ်ပိုင်းလောက်ထဲက ဝူဟန်မြို့ကို ပိတ်ထားပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးဖို့ တရုတ်အစိုးရက ကြိုးစားခဲ့ပါတယ်။ သောကြာနေ့ မနက်ပိုင်းအထိဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူ ၂၁၃ ယောက်ရှိနေပါပြီ။
Source – AFP
(Unicode)
…………………………………………………
Source – AFP
Photo – AFP #Wuhan #2019nCoV
#PeopleMedia