ဝေါမြို့နယ်တွင်၂၂ဘီးတွဲယာဉ်၏ ရေတိုင်ကီအံဝှက်အတွင်းသိုဝှက်သယ်ဆောင်လာသည့် ကျပ်၃ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား၂၅သိန်းကျော်ဖမ်းဆီးရမိ

PUBLISHED - March 17, 2025
နေပြည်တော်၊ မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ၂၂ ဘီးတွဲယာဉ်၏ ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာ သည့် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၀ ရက်နေ့နံနက် ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင် (ခ) ကိုဖြိုးမောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် DONG FENG ၂၂ ဘီးတွဲယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်၏ေ ရတိုင်ကီ အံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကြားရှော့ (ခ) ကုလားမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မှကရင်ပြည်နယ်၊ ဘားအံသို့သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရ သဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Photo-Credit
#PeopleMedia