• Follow Us on

Home ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်၌ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်၌ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီး X-Ray စက်တွင် ယမန်နေ့ ညနေ ၆ နာရီ ၅၀ အချိန်က ခရီးသည်တင်ယာဉ်ပေါ်၌ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီး X-Ray စက်တွင် ပူးပေါင်းအဖွဲ့များသည် မော်တော်ယာဉ်များအား X-Ray စက်ဖြင့် စစ်ဆေးဆောင်ရွက်နေစဉ် မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါသည့် ကိုကိုနိုင်(ခ)ကိုနိုင် ၃၂ နှစ်၏ ထိုင်ခုံရှေ့ ခြေထောက်နှစ် ဖက်ကြားတွင် ညှပ်ထားသည့် Sport တံဆိပ်ပါ အနက်ရောင် ကျောပိုးအိပ်အတွင်းမှ ခဲစက္ကူများဖြင့် ပတ်ထား သည့် ပစ္စတို သေနတ် (၁၆)လက် (အမျိုးအစားစိစစ်ဆဲ) ၎င်းကျည်အိမ် (၃၂)ခု၊ 9mm Luger ကျည် ၃၉ဝ တောင့်၊ 380 Auto ကျည် ၁၄ဝ တောင့်၊ စုစုပေါင်း ၅၃၀ တောင့်တို့အားရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post