ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

PUBLISHED - October 2, 2023
နေပြည်တော်၊ အောက်တိုဘာ ၂
ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေ စဉ် ရန်ကုန်မြို့မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မောင်ဇော်ဝင်း ၏ လက်ဆွဲအိတ်အတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း)အလေးချိန် ၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်ဇော်ဝင်း (၄၁) နှစ်အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia