ဝေါမြို့နယ်တွင် Express ခရီးယာဉ်ပေါ်မှ ငွေကျပ် ၄၃၈၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိ

PUBLISHED - August 9, 2023
နေပြည်တော်၊ သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် Express ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၄၃၈၇.၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိ ရသည်။
သြဂုတ်လ ၆ ရက်နေ့ နံနက် ၉နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ဝေါမြို့နယ်၊ X-Ray(ညောင်ခါးရှည်)၌ X-Ray စက်ဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တောင်ကြီးမြို့ဘက်မှ မြဝတီမြို့ဘက်သို့ ကောင်းမြတ်သော် မောင်းနှင်ပြီး ငြိမ်းချမ်းနှင့် ကျော်ဇောဟိန်း(ခ) ကျော်ကြီးတို့လိုက်ပါလာသည့် Express ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄၃၈၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ သြဂုတ်လ ၇ ရက်နေ့ ၂၃၀၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အောင်အောင်အား တောင်ကြီးမြို့၊ ရပ်ကွက်(၃)၊ ပိတောက်လမ်းရှိ ကား ဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကောင်းမြတ်သော် (၃၃)နှစ်၊ ကျော်ဇောဟိန်း(ခ)ကျော်ကြီး (၂၇) နှစ်၊ ငြိမ်းချမ်း (၂၆) နှစ်နှင့် အောင်အောင် (၅၃) နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia