• Follow Us on

Home ဝေါမြို့နယ်၌ ခရီးသည်တင်ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီး ရမိ

ဝေါမြို့နယ်၌ ခရီးသည်တင်ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် ခရမ်းချဉ်သီး သေတ္တာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀  နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကား လမ်းတွင် တောင်ကြီး-မြဝတီ ခရီးသည်တင်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်ပါ ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား များပိုင်ရှင် စောလင်းထိန်(ခ)ကျော်ကျော်အား စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မြဝတီမြို့၊ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းတွင် TOYOTA IPSUM ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post