• Follow Us on
Latest News

Home သက်ဆင်ကိုအကြံပေးအရာရှိခန့်မယ်ဆိုတဲ့ကိစ္စ ဝန်ကြီးချုပ်ဆရက်ထာ ငြင်းဆို

သက်ဆင်ကိုအကြံပေးအရာရှိခန့်မယ်ဆိုတဲ့ကိစ္စ ဝန်ကြီးချုပ်ဆရက်ထာ ငြင်းဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ၎င်းအနေနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ၎င်းရဲ့အကြံ ပေးအရာရှိတစ်ဦးအဖြစ်ခန့်ခဲ့တယ်လို့ မီဒီယာကိုပြောဆိုခဲ့တာ မဟုတ်ကြောင်း တနင်္ဂနွေနေ့ (စက်တင်ဘာလ ၂၄ ရက်နေ့) မနက်ပိုင်းက ပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ် နယူးယောက်မှာရှိနေစဉ် ဘလုမ်းဘာ့ဂျ်မီဒီယာနဲ့အင်တာဗျူးနေစဉ်အတွင်း သက်ဆင်နဲ့ ပတ် သက်ပြီး ၎င်းပြောကြားခဲ့တာကို ထိုင်းမီဒီယာတွေက တလွဲအဓိပ္ပာယ်ကောက်ယူနေကြကြောင်း ဆရက် ထာက အမေရိကန်ပြည်ထောင်စုကနေ ထိုင်းနိုင်ငံကိုပြန်အလာ သုဝဏ္ဏဘူမိလေဆိပ်မှာ မီဒီယာတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

၎င်းအနေနဲ့ အန်နန်ပန်ယာရာချွန်နဲ့ ဆမ်ချိုင်ဝေါင်းဆဝပ်တို့လို ဝန်ကြီးချုပ်ဟောင်းတွေ၊ ထိပ်တန်းအရာရှိ တွေနဲ့ တိုင်ပင်သလိုမျိုး သက်ဆင်ထံက အကြံဉာဏ်ရယူသွားနိုင်ဖွယ်ရှိတယ်လို့သာ ပြောခဲ့တာဖြစ် ကြောင်း၊ မီဒီယာတွေအနေနဲ့ ၎င်းရဲ့အင်တာဗျူးကို ပြန်လည်စစ်ဆေးသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါ တယ်။

 

“အခုအကြိမ်ဟာ ကျွန်တော်ဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ ပထမဦးဆုံးအကြိမ်ပါ။ နိုင်ငံရေးလောကနဲ့ပတ် သက်ရင် ကျွန်တော်ဟာ လူသစ်တစ်ဦးပါ။ ဗဟုသုတပြည့်စုံပြီး အားထားရလောက်တဲ့ ဘယ်သူ့ဆီကမဆို ကျွန်တော် အကြံဉာဏ်တွေရယူသွားဖို့ အသင့်ပါပဲ။” လို့ ဆရက်ထာက ပြောပါတယ်။

 

အဓိပ္ပာယ်ကောက်လွဲတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာပေါ်ပေါက်လာနိုင်တာမို့လို့ ၎င်းပြောဆိုတာတွေကို အဓိပ္ပာယ်ကောက်မလွဲဖို့ ထိုင်းမီဒီယာတွေကို ၎င်းက ပြောပါတယ်။

 

“ကျေးဇူးပြုပြီး အဓိပ္ပာယ်ကောက်မလွဲကြပါနဲ့။ ကျွန်တော်ပြောတာကို သေသေချာချာ နားထောင်ပါ။” လို့ လေဆိပ်အတွင်း မီဒီယာများနဲ့တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

Ref: PM denies appointing Thaksin as advisor

 

#PeopleMedia


Share this post