သက်ဆင်ကို ရဲဆေးရုံကနေ ပုဂ္ဂလိကဆေးရုံကိုပြောင်းရွှေ့ဖို့ကြိုးစားနေတဲ့သတင်း ပဲထောင်တန်ငြင်းဆို

PUBLISHED - August 30, 2023
နိုင်ငံတကာ၊ သြဂုတ် ၃၀
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ၎င်းရဲ့မိသားစုက ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးကနေ ပုဂ္ဂလိကဆေးရုံတစ်ခုကို ပြောင်းရွှေ့စေချင်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး သက်ဆင်သမီးအငယ်ဆုံးဖြစ်တဲ့ ပဲထောင်တန်ရှင်နာဝပ်ထရာက သြဂုတ်လ ၂၉ ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။
တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ ပဲထောင်တန်နဲ့မိသားစုဝင်တွေ ရဲတပ်ဖွဲ့ဆေးရုံကြီးကို သွားရောက်ခွင့်ရရှိခဲ့ပြီးနောက် ပဲ ထောင်တန်က ဖီယူထိုင်းပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
သက်ဆင်မိသားစုအနေနဲ့ သက်ဆင်ကို ပုဂ္ဂလိကဆေးရုံတစ်ခုကိုပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်း ဟာ မမှန်ကြောင်း၊ ရဲတပ်ဖွဲ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်တွေဟာ ၎င်းဖခင်ကို ကုသနိုင်စွမ်းရှိတယ်လို့ ယုံကြည် ကြောင်း ပဲထောင်တန်က ပြောပါတယ်။
မစ္စတာသက်ဆင်ဟာ သြဂုတ်လ ၂၂ ရက်နေ့ ထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးနောက် ပထမဦးဆုံးညမှာ ပဲ ၎င်းရဲ့အခြေအနေဆိုးရွားလာကြောင်း၊ စိတ်ရာလူပါ ပင်ပန်းနွမ်းနယ်နေတာကြောင့် ဘန်ကောက်ရီမန် အ ကျဉ်းထောင်ဆေးရုံကနေ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးကို ပြောင်းရွှေ့လာတာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။
သက်ဆင်ကို ထောင်ဒဏ်ပြစ်ဒဏ်စခံရတဲ့ညလယ်လောက်မှာပဲ အကျဉ်းထောင်ဆေးရုံကနေ ရဲတပ်ဖွဲ့အထွေ ထွေဆေးရုံကြီးရဲ့ ၁၄ ထပ်မှာရှိတဲ့ ထိပ်တန်းရဲချုပ်ကြီးတွေအတွက် စီစဉ်ထားတဲ့ လူနာဆောင်ရှိတဲ့နေရာကို ပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။
သက်ဆင်ကို ထောင်ကျနေတဲ့ကြားက ကျန်းမာရေးအကြောင်းပြချက်နဲ့ အ ကျဉ်းထောင်အပြင်ဘက်မှာနေထိုင် ခွင့်ရတဲ့အခွင့်ထူးပေးထားကြောင်း၊ အဲဒီအခွင့်အရေးမျိုး တခြားဘယ်ပြည်သူတွေမှမရကြောင်း၊ ရှုခင်းကောင်းလှ တဲ့ ရဲဆေးရုံကြီးရဲ့ VIP အခန်းထဲမှာ သက်သောင့်သက်သာနဲ့ အထူးအခွင့်ထူးခံစားနေရကြောင်း ဝေဖန်သူတွေ နဲ့ အတိုက်အခံတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ သက်ဆင်ကို ဘာအထူးအခွင့်အရေးမှပေးမထားကြောင်း၊ သက်ဆင်နေတဲ့အခန်းဟာလည်း မီဒီယာတွေ ပြောသလို ဘာမှရှုခင်းကောင်းတဲ့အခန်းမဟုတ်ကြောင်း၊ သက်ဆင်အခန်းက အဲကွန်းလည်း ပျက်နေကြောင်း ရဲ တပ်ဖွဲ့ဆေးရုံကြီးအကြီးအကဲက ပြောပါတယ်။
“အဖေက နေရာပြောင်းလာပြီးနောက်မှာ ကျန်းမာရေးပိုဆိုးလာတယ်လို့ထင်ပါတယ်။ အဖေ ထိုင်းနိုင်ငံနဲ့ ၁၇ နှစ် ခွဲခွာပြီးနေလာခဲ့ရတော့ အခုအချိန်မှာ စိုးရိမ်ပူပန်မှုတွေများနေတယ်လို့ ထင်ပါတယ်။” လို့ ပဲထောင်တန်ကပြော ပါတယ်။
သက်ဆင်ဟာ အသက်အရွယ်အရ ကျန်းမာရေးအခြေအနေမကောင်းတာကို မိသားစုက သဘောပေါက်ထား ကြောင်း၊ မိသားစုအနေနဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုခုကို ပြောင်းရွှေ့ပေးဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းဟာလည်း မဟုတ်မှန်ကြောင်း ၎င်းက ပြောပါတယ်။
သက်ဆင်အနေနဲ့ ထိုင်းဘုရင်ထံက လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင် အသနားခံဖို့ ကြိုးစားသွားမှာဖြစ်ပြီး လက် ရှိအချိန်မှာ အသနားခံစာတင်သွင်းလျှောက်ထားဖို့ ပြင်ဆင်နေကြောင်း ပဲထောင်တန်က ပြောပါတယ်။
“အသနားခံစာလျှောက်ထားဖို့ အချိန်လိုပါတယ်။ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဖေ ဆက်လက်ဆောင်ရွက် သွားပါလိမ့်မယ်။ အခုအချိန်မှာတော့ အသနားခံစာရေးပြီးတာ မတွေ့ခဲ့ရသေးပါဘူး။” လို့ ၎င်းကပြောပါတယ်။
Ref: Paetongtarn says Police General Hospital doctors capable of treating Thaksin
#PeopleMedia