• Follow Us on
Latest News

Home သက်ဆင်ကို အကြံပေးခန့်မယ်ဆိုတဲ့ ဝန်ကြီးချုပ်ဆရက်ထာစကား ဝေဖန်ခံနေရ

သက်ဆင်ကို အကြံပေးခန့်မယ်ဆိုတဲ့ ဝန်ကြီးချုပ်ဆရက်ထာစကား ဝေဖန်ခံနေရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃

 

ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်ထာထာဗီဆင်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ၎င်းရဲ့အထူးအကြံပေးအရာရှိအဖြစ်ခန့်အပ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးသမားတွေကြားမှာ အမြင်အ မျိုးမျိုးကွဲလွဲနေပါတယ်။

 

သက်ဆင်ထောင်ကလွတ်လာတဲ့အချိန်မှာ သက်ဆင်ဆီက နိုင်ငံရေးအကြံဉာဏ်တွေကို ရယူသွားမှာဖြစ် ကြောင်း မစ္စတာဆရက်ထာက ဗုဒ္ဓဟူးနေ့က ဘလုမ်းဘာ့ဂျ်ရုပ်သံဌာနနဲ့ အင်တာဗျူးတဲ့အချိန်မှာ ပြောကြားသွား ပါတယ်။

 

သက်ဆင်ဟာ ထိုင်းနိုင်ငံမှာအထင်ရှားဆုံးဝန်ကြီးချုပ်တစ်ဦးဖြစ်ခဲ့ကြောင်း၊ သက်ဆင်ထောင်ကလွတ်မြောက် လာတဲ့အချိန်မှာ သူ့အကြံကိုမယူဘူးဆိုရင် မိုက်မဲရာကျမှာဖြစ်ကြောင်း ပြောဆိုရင်း မစ္စတာဆရက်ထာက သက် ဆင်ကို ချီးကျူးခဲ့ပါတယ်။

 

သက်ဆင်ဟာ အတိတ်ကာလက ကောင်းမွန်တဲ့အလုပ်တချို့ကိုလုပ်ခဲ့ပေမဲ့လည်း ၎င်းကို အမှုသုံးမှုနဲ့ ထောင် ဒဏ် ၈ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ထိုင်းဘုရင်မင်းမြတ်ရဲ့သက်ညှာမှုကြောင့် ထောင်ဒဏ် ၁ နှစ်သာကျခံ ရမယ့်အထိ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဆမ်ချိုင်ဆဝန်ကန်က သော ကြာနေ့က လွှတ်တော်ထဲမှာ ပြောပါတယ်။

 

ထိုင်းနိုင်ငံတွင်း သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဆိုရင် ဝန်ကြီးချုပ်အနေနဲ့ သက်ဆင်ကို အကြံ ပေးခန့်လိုက်လို့ဖြစ်ပေါ်လာမယ့် ဂယက်ရိုက်မှုတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း မစ္စတာဆမ်ချိုင်က ပြောပါတယ်။

 

သက်ဆင်ဟာ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးမှာဆေးဝါးကုသနေတာ အချိန်တစ်လကျော်ရှိပြီဖြစ်တဲ့အတွက် သက်ဆင်ရဲ့ကျန်းမာရေးအခြေအနေကို ပြည်သူတွေက မေးခွန်းထုတ်နေကြဆဲဖြစ်ကြောင်း ၎င်းကပြောပါ တယ်။

 

သက်ဆင်ရဲ့ဆေးဝါးကုသမှုအခြေအနေတွေကို မေးမြန်းဖို့ တရားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်၊ အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေအပါအဝင် သက်ဆိုင်ရာအရာရှိ တွေကို အထက်လွှတ်တော် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူထုပါဝင်ဆောင်ရွက်ရေးကော်မတီက လာမယ့် တနင်္လာနေ့မှာ ဖိတ်ကြားသွားမှာဖြစ်ပါတယ်။

 

သက်ဆင်ဟာ ချမှတ်ခံထားရတဲ့ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်ကို အပြည့်အဝခံယူသွားရမှာဖြစ်ကြောင်း၊ အဲဒီလို မဟုတ်ဘဲ ပြစ်ဒဏ်မစေ့မီလွှတ်ပေးလိုက်ရင် မတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်ကြောင်း မစ္စတာဆမ်ချိုင်ကပြော ပါတယ်။

 

“ဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းတွေကြားထဲမှာ လူထုယုံကြည်မှုကို လျော့ပါး စေတဲ့အတွက် သက်ဆင်ကို အကြံပေးခန့်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ အရမ်းမြန်လွန်းအားကြီးနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သက်ဆင်ကိုသာ အကြံပေးခန့်လိုက်မယ်ဆိုရင် အစိုးရဟာ အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တရားခံတစ်ဦးထက် ပိုကောင်းတဲ့သူကို မရှာဖွေနိုင်တော့ဘူးလို့ ထုတ်ဖော်ပြသလိုက်တာဖြစ်လို့ အစိုးရရဲ့ပုံရိပ် ကို ထိခိုက်စေမှာဖြစ်ကြောင်း ထိုင်းပတ်ဒီးပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာဝါရောင်းဒီချစ်ဗီဂရုမ်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ အကြံဉာဏ်တစ်ခုကို အဆိုပြုနေတာသာဖြစ်ကြောင်း၊ ၎င်းအနေနဲ့ သက်ဆင်ရဲ့အ တွေ့အကြုံဟာ တိုင်းပြည်အတွက်အကျိုးရှိနိုင်တယ်လို့ အသိအမှတ်ပြုတာဖြစ်ကြောင်း အထက်လွှတ်တော် ဥက္ကဋ္ဌပွန်းပတ်ဝီချစ်ချိုချိုင်းက ပြောပါတယ်။

 

ဒုတိယဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းကလည်း “နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သက်ဆင်ရဲ့ ၆ နှစ်တာအတွေံအကြုံကြောင့် သက်ဆင်နဲ့ အလုပ်တွဲလုပ်ပြီး အကြံကောင်းတွေရယူတာ ကောင်းမွန်တဲ့အလုပ် လို့ ကျွန်တော်ထင်ပါတယ်။” လို့ ပြောပါတယ်။

 

Ref: Thaksin adviser ‘idea’ draws criticism

 

#PeopleMedia


Share this post