• Follow Us on

Home သက်ဆင်က အွန်လိုင်းငွေကြေးစနစ်အစီအစဉ်ရပ်ဆိုင်းဖို့ပြောတယ်ဆိုတာ မမှန်ကြောင်း ပေထောင်တန်ပြော

သက်ဆင်က အွန်လိုင်းငွေကြေးစနစ်အစီအစဉ်ရပ်ဆိုင်းဖို့ပြောတယ်ဆိုတာ မမှန်ကြောင်း ပေထောင်တန်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉

 

အငြင်းပွားဖွယ်ရာ အွန်လိုင်းငွေကြေးစနစ်အစီအစဉ် (digital wallet scheme) ကို ရပ်ဆိုင်းဖို့ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ပြောဆိုခဲ့တယ်ဆိုတာ မမှန်ကြောင်း ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က ပြောကြား လိုက်ပါတယ်။

 

ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင့်ထောက်ခံချက် တရားဝင်လက်ခံရယူတဲ့အခမ်းအနားကျင်းပရာ ဘန်ကောက်မြို့ရှိ Voice Space အဆောက်အဦမှာ “အမေး-အဖြေကဏ္ဍ” ပြုလုပ်နေစဉ် အွန်လိုင်းငွေကြေးစနစ်အစီအစဉ် ဆက် မလုပ်ဖို့ ၎င်းရဲ့ဖခင်ဖြစ်သူက အစိုးရသစ်ကို ညွှန်ကြားခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း မစ္စပေထောင်တန်က ပြောပါတယ်။

 

ဖခင်ဖြစ်သူဟာ အစိုးရအဖွဲ့မှာ ဘာရာထူးအခွင့်အာဏာမှ မရှိကြောင်း၊ ဒါပေမဲ့ လူအများလေးစားခြင်းခံရတဲ့သူ တစ်ဦးအနေနဲ့ ၎င်းရဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အကြံဉာဏ်တောင်းခံသွားမှာဖြစ်ကြောင်း ပေ ထောင်တန်က ပြောပါတယ်။

 

အရည်အချင်းပြည့်မီတဲ့နိုင်ငံသား ၄၅ သန်းကို တစ်ဦးကို ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးမယ့် ဆရက်ထာထာဗီ ဆင်အစိုးရ စီစဉ်ခဲ့တဲ့ အွန်လိုင်းငွေကြေးစနစ်အစီအစဉ်နဲ့ပတ်သက်ပြီး တခြားသူတွေရဲ့အကြံဉာဏ်တွေကို လည်း ကြိုးပမ်းရှာဖွေဖို့ ဖခင်ဖြစ်သူက အကြံပေးခဲ့တာသာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“အွန်လိုင်းငွေကြေးစနစ်အစီအစဉ်ဟာ အဓိကစီးပွားရေးတွန်းအားတစ်ရပ်အဖြစ် အသုံးပြုဖို့ ကျွန်မတို့ရည်ရွယ် ထားတဲ့ စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။” လို့ ပေထောင်တန်က ပြောပါတယ်။

 

“အဲဒီစီမံချက်ကို ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲ မူဝါဒတစ်ရပ်အဖြစ် ကျွန်မတို့ အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အဖြစ်အပျက်တွေနဲ့ စီးပွားရေးအခြေအနေက ပြောင်းလဲခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ တခြားသူတွေရဲ့ ထင် မြင်ယူဆချက်တွေ၊ အကြံဉာဏ်တွေကိုလည်း နားထောင်ဖို့ လိုပါတယ်။ ဒီစီမံချက်ကို ဘဏ္ဍာရေးစည်းမျဉ်း အက်ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၎င်းအစိုးရအဖွဲ့ကို ဖခင်ဖြစ်သူ သက်ဆင်က အမိန့်ပေးပြီး သြဇာလွှမ်းမိုးနေတယ်ဆိုတာ မဟုတ်ကြောင်း ပေ ထောင်တန်က ငြင်းဆိုပါတယ်။

 

“လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် ရှိနေကြတာဖြစ်တဲ့အတွက် အဖေက လွှမ်းမိုးထာတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ တစ်ဦးနဲ့ တစ်ဦး လေးလေးစားစားနဲ့ ဆွေးနွေးတိုင်ပင်လေ့ရှိပါတယ်။ လူတိုင်းဟာ ကိုယ့်ကဏ္ဍ ကိုယ်သိကြမှာပါ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်အားကိုးရမှာပါပဲ။ သေချာတာကတော့ မိသားစုနဲ့ ကျွန်မလေး စားတဲ့သူတွေဆီက အတွေးအမြင်၊ အကြံဉာဏ်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။” လို့ ပေထောင်တန်က ပြောပါတယ်။

 

သက်ဆင်ဟာ အစိုးရအဖွဲ့မှာ ဘာရာထူးမှ မလိုချင်ကြောင်း၊ အဲဒီလို ရာထူးမယူဘဲနေတာဟာ ၎င်းတို့အစိုးရအ တွက် ဥပဒေအရ ပြဿနာမဖြစ်စေဘဲ တိုင်းပြည်ကို ကူညီဖို့ သက်ဆင်အတွက် အကောင်းဆုံးဖြစ်ကြောင်း ပေ ထောင်တန်က ပြောပါတယ်။

 

Ref: Paetongtarn denies ‘dad’ ordering end of digital wallet scheme: The Nation

 

#PeopleMedia


Share this post