• Follow Us on
Latest News

Home သက်ဆင်ရောက်ရှိလာရင် ဖမ်းဆီးပြီး တရားရုံးချုပ်ကို လွှဲပြောင်းပေးသွားမှာဖြစ်

သက်ဆင်ရောက်ရှိလာရင် ဖမ်းဆီးပြီး တရားရုံးချုပ်ကို လွှဲပြောင်းပေးသွားမှာဖြစ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အင်္ဂါနေ့ (သြဂုတ်လ ၂၂ ရက်နေ့) ဒွန်မောင်းလေဆိပ်ကို ဆိုက်ရောက်ရောက်ချင်း ရဲတပ်ဖွဲ့နဲ့ တရားရေးဝန်ကြီးဌာနက အရာရှိတွေက လာရောက်ဖမ်းဆီးမှာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

သက်ဆင်ရဲ့အငယ်ဆုံးသမီး ပဲထောင်တန်ရှင်နာဝပ်ထရာက အင်္ဂါနေ့ မနက် ၉ နာရီမှာ ဖခင်ဖြစ်သူကို ဒွန် မောင်းလေဆိပ်မှာသွားရောက်တွေ့ဆုံမှာဖြစ်ကြောင်း ၎င်းရဲ့အင်စတာဂရမ်မှာ စနေနေ့ကရေးသားထားပါတယ်။

 

ရဲတပ်ဖွဲ့နဲ့ တရားရေးအရာရှိတွေက ရုံးချိန်ပြီးမှ သက်ဆင်ဆိုက်ရောက်လာခဲ့ရင် တခြားအရေးပေါ်အစီအစဉ်တစ် ခု ရေးဆွဲထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

တကယ်လို့ သက်ဆင်ဟာ တရားရုံးချိန်အတွင်း ဆိုက်ရောက်လာခဲ့ရင် တရားရေးအရာရှိတွေက ၎င်းကို ဘန် ကောက်အကျဉ်းထောင်ကို ခေါ်ဆောင်မသွားခင်မှာ ၎င်းကို တရားရုံးချုပ်ရဲ့ ပြစ်မှုဆိုင်ရာဌာနကို ခေါ်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

သက်ဆင်က တရားရုံးချိန်ပြီးမှ ရောက်ရှိလာခဲ့ရင် နောက်နေ့မနက် ၎င်းကို တရားရုံးချုပ်ကိုခေါ်ဆောင်မသွားမီ တစ်ညတာထိန်းသိမ်းထားဖို့အတွက် ရဲစခန်းကို ခေါ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

သက်ဆင်ရောက်ရောက်ချင်းမှာ ၎င်းကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးမှာဖြစ်ပြီး ဖမ်းဆီးမှုမှတ်တမ်း တင်ဖို့အတွက် ဒွန်မောင်းလေဆိပ်ရဲစခန်းကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

 

အဲဒီနောက်မှ ၎င်းကို တရားရုံးချုပ်ရဲ့ ပြစ်မှုဆိုင်ရာဌာနကို ခေါ်ဆောင် သွားမှာဖြစ်ပါတယ်။ သက်ဆင်ကို ဘန်ကောက်အကျဉ်းထောင်ကို လွှဲပြောင်းပေးပြီးတာနဲ့ ထောင်သားတစ်ဦးလို မှတ်တမ်းတင်ထား မှာဖြစ်ကြော်း တရားရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အာယွတ်ဆင်တော့ဖန်က ပြောပါတယ်။

 

မှတ်တမ်းတွေယူပြီးတာနဲ့ သက်ဆင်ကို ကွာရန်တီး ၁၀ ရက် ဝင်ခိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ သက်ဆင်ဟာ သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်တဲ့အတွက် ၎င်းကို ဆရာဝန်တွေအနီးကပ်ကြည့်ရှုစောင့်ရှောက် ဖို့ လိုမလို အကျဉ်းထောင်ဆရာဝန်တွေက ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

 

တကယ်လို့ သက်ဆင်ဟာ နာတာရှည်ရောဂါဝေဒနာတစ်ခုခု ခံစားနေရသူဆိုရင် ၎င်းကို အကျဉ်းထောင်ဆေးရုံ မှာထိန်းသိမ်းထားမလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်မှာဖြစ်ပါတယ်။

 

အကျဉ်းထောင်ထဲမှာရှိနေစဉ်အတွင်း သက်ဆင်ရဲ့ဆွေးမျိုးသားချင်းအရင်းတွေလာရောက်တွေ့ဆုံခွင့်ပြုဖို့ ထောင်အဆောင်မှူးတွေက စဉ်းစားသွားမှာဖြစ်ပေမဲ့ ထောင်ထဲမှာ ကူးစက်ရောဂါတွေမရှိမှသာ ပြင်ပက ဆွေမျိုးတွေကို တွေ့ဆုံခွင့်ပေးသွားမှာဖြစ်ပါတယ်။

 

Re: Thaksin will be arrested and handed over to Supreme Court once he lands on Tuesday: sources

 

#PeopleMedia


Share this post