• Follow Us on

Home သက်ဆင်ရဲ့ စီးပွားရေးအကြံပေးချက်တချို့နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူချက် NIDA ထုတ်ပြန်

သက်ဆင်ရဲ့ စီးပွားရေးအကြံပေးချက်တချို့နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူချက် NIDA ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

ထိုင်းနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုအင်စတီကျု (NIDA) က ၎င်းတို့ပြုလုပ်ခဲ့တဲ့ “သက်ဆင် အတွေး၊ ပေထောင်တန်ဆောင်ရွက်မှု၊ အဆင်ပြေမလား” လို့ ခေါင်းစဉ်တပ်ထားတဲ့ လူထုဆန်းစစ်လေ့လာမှု ရလဒ်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

နိုင်ငံတစ်ဝန်း ဒေသအသီးသီး၊ ပညာရေးအဆင့်အမျိုးမျိုး၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ ဝင်ငွေအဆင့်အမျိုးမျိုးရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက်အရွယ်ရှိသူ ထိုင်းပြည်သူ ၁၃၁၀ ဦးပါဝင်တဲ့ အဲဒီဆန်းစစ်လေ့လာမှုကို သြဂုတ်လ ၂၆ ရက်နေ့က နေ ၂၈ နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံအတွက် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး အဲဒီဆန်းစစ် လေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတစ်ဝန်းအဆင့်ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံက ပါဝင်သူတွေကို NIDA အဖွဲ့ရဲ့ master sample database ကို အသုံးပြုပြီး တယ်လီဖုန်းအင်တာဗျူးတွေကတစ်ဆင့် သတင်းအချက်အလက်တွေကောက်ယူ ခဲ့တာဖြစ်ပါတယ်။

 

ဆင်းရဲသားပြည်သူတွေနဲ့ မသန်စွမ်းပြည်သူတွေအတွက် အွန်လိုင်းငွေကြေးထောက်ပံ့မှုကတစ်ဆင့် ငွေကြေး ထောက်ပံ့သွားဖို့ သက်ဆင်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “၅၃.၇၄% က အပြည့်အဝသဘော တူတယ်၊ ၂၁.၁၄% က အတိုင်းအတာတစ်ခုအထိ သဘောတူတယ်၊ ၁၇.၅၆% က လုံးဝသဘောမတူဘူး၊ ၇.၅၆% က အတိုင်းအတာတစ်ခုအထိ သဘောမတူဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။

 

ဈေးနှုန်းလျော့ကျအောင် ပုဂ္ဂိလကလုပ်ငန်းရှင်တွေထံက လျှပ်စစ်ရထားလမ်းတွေကို အစိုးရက လက်ပြောင်းယူဖို့ သက်ဆင်ရဲ့ အကြံဉာဏ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “၄၃.၈၂% က အပြည့်အဝသဘောတူတယ်၊ ၂၅.၈၈% က အတိုင်းအတာတစ်ခုအထိ သဘောတူတယ်၊ ၁၈.၀၉% က လုံးဝသဘောမတူဘူး၊ ၈.၉၃% က အတိုင်းအ တာတစ်ခုအထိသဘောမတူဘူးလို့ ပြန်ဖြေပြီး ၃.၂၈% က စိတ်မဝင်စား/မဖြေကြားဘူး” လို့ ဆိုပါတယ်။

 

နိုင်ငံတွင်း မြေရာ/အဆောက်အဦကို နိုင်ငံခြားသားတွေကို ၉၉ နှစ်ကြာ ငှားရမ်းအသုံးပြုခွင့်ပြုပြီး သတ်မှတ်ကာ လပြည့်ရင် နိုင်ငံတော်ကို ပြန်လည်လွှဲပြောင်းပေးရမယ့် အဆိုပြုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “၇၀.၉၂% က လုံးဝ သဘောမတူဘူး၊ ၁၄.၁၁% က အတိုင်းအတာတစ်ခုအထိ သဘောမတူဘူး၊ ၇.၇၉% က အတိုင်းအ တာတစ်ခုအထိ သဘောတူတယ်၊ ၆.၂၆% က အပြည့်အဝသဘောတူတယ်လို့ ဖြေကြားပြီး ဝ.၉၂% ကတော့ စိတ်မဝင်စား/ မဖြေကြားဘူး” လို့ ဆိုပါတယ်။

 

ကာစီနိုလောင်းကစားပါဝင်မယ့် ဖျော်ဖြေရေးအဆောက်အဦတွေအတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင် ခွင့်ပြုပေးမယ့် အကြံပြုချက်နဲ့ ပတ်သက်ပြီး “၄၄.၈၁% က လုံးဝသဘောမတူဘူး၊ ၁၉.၃၉% က အပြည့်အဝသဘောတူတယ်၊ ၁၇.၇၉% က အတိုင်းအတာတစ်ခုအထိ သဘောတူတယ်၊ ၁၆.၇၂% က အတိုင်းအတာတစ်ခုအထိ သဘောမ တူဘူူးလို့ ဖြေကြားပြီး ၁.၂၉% ကတော့ စိတ်မဝင်စား/ မဖြေကြားဘူး” လို့ ဆိုပါတယ်။

 

ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုဖို့ တရားမဝင် စီးပွားရေးလုပ်ငန်း တွေကို တရားဝင်ဖြစ်လာအောင် ပြုလုပ်ပေးဖို့ သက်ဆင်ရဲ့ အဆိုပြုချက်ကို “၃၄.၈၁% က အပြည့်အဝသဘော တူတယ်၊ ၃၄.၂၀% က လုံးဝသဘောမတူဘူး၊ ၂၁.၆၀% က အတိုင်းအတာတစ်ခုအထိ သဘောတူတယ်၊ ၈.၆၃% က အတိုင်းအတာတစ်ခုအထိ သဘောမတူဘူးလို့ ပြန်လည်ဖြေကြားပြီး ဝ.၇၆% ကတော့ စိတ်မဝင် စား/ မဖြေကြားဘူး” လို့ ဆိုပါတယ်။

 

Ref: Strong support and opposition to some of Thaksin’s economic plans: poll

 

#PeopleMedia


Share this post