သက်ဆင်ရဲ့ ထိုင်းနိုင်ငံပြည်တော်ပြန်ခရီး ဆိုင်းငံ့ထား
PUBLISHED - July 13, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၃
ပြည်ပြေးဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက ဝန်ကြီးချုပ်ရွေးချယ်ပွဲအခြေအနေကို စောင့်ကြည့်ဦး မယ်လို့ ပြောပြီး ဒီတစ်ကြိမ် ထိုင်းနိုင်ငံကိုပြန်လာမယ့်အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားလိုက်တယ်လို့ ပြောကြား လိုက်ပါတယ်။
သက်ဆင်က ၎င်းအနေနဲ့ မြေးဖြစ်သူတွေကိုပြုစုစောင့်ရှောက်ချင်သလို နိုင်ငံကထွက်ပြေးသွားလို့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမှာကိုလည်း ခံယူသွားဖို့ အသင့်ရှိနေတဲ့အတွက် ၁၇ နှစ်ကြာ ပြည်ပြေးဘဝကို အခုလထဲမှာ အဆုံးသတ်ချင်ပြီလို့ ပြီးခဲ့တဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သက်ဆင်ရဲ့သမီး ပဲထောင်တန်က ၎င်းအနေနဲ့ ဖခင်ဖြစ်သူနဲ့ စကားပြောပြီးပြီဖြစ်ကြောင်း၊ ဖခင်ဖြစ်သူ က ဆုံးဖြတ်ချက်ပြန်ပြောင်းထားကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က ပြောပါတယ်။
“အဖေ ပြန်လာမယ့်အစီအစဉ်ရှိပြီးသားပါ။ ပြန်လာမှာ သေချာပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ နောက်ကျပါ လိမ့်မယ်။ အခုလအတွင်းမှာတော့ မဟုတ်သေးဘူးပေါ့။” လို့ ၎င်းက ပြောပါတယ်။
သက်ဆင်က ၎င်းရဲ့အပြန်ခရီးကို ထိုင်းနိုင်ငံရဲ့လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မဆက်စပ်ချင်တဲ့အတွက် အခုလို နှောင့်နှေးကြန့်ကြာပုံရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သက်ဆင်ရဲ့ အိမ်အပြန်ခရီးဟာ လက်ရှိနိုင်ငံရေးအခြေအနေ တွေရဲ့ဆက်စပ်နေတယ်လို့ ဆန်းစစ်လေ့လာသူအများအပြားက ယူဆထားပါတယ်။
“နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ အဖေပြန်မလာချင်သလို သူပြန်လာလို့ ပြဿနာတွေ ရှုပ်ထွေးသွား မှာကိုလည်း မလိုလားပါဘူး။ ဇူလိုင်လထဲမှာတော့ ပြန်မလာသေးပါဘူး။ ဝန်ကြီးချုပ်ရွေးကောက်ပွဲရလဒ်ကို အ ဖေကြည့်ချင်သေးတယ်။” လို့ ပဲထောင်တန်က ပြောပါတယ်။
အစိုးရသစ်ဖွဲ့စည်းပြီးရင် သက်ဆင်ပြန်လာမှာလားလို့ မေးမြန်းခံရတဲ့အခါ နိုင်ငံရေးအခြေအနေတွေ ပိုပြီးတည် ငြိမ်တဲ့အထိ သက်ဆင်စောင့်ဆိုင်းဦးမှာဖြစ်ကြောင်း ပဲထောင်တန်က ပြောပါတယ်။
သက်ဆင်ဟာ ပြည်ပြေးဘဝနဲ့ နိုင်ငံခြားမှာနေရင်း မိခင်နိုင်ငံကို ပြန်လာချင်ကြောင်း ၁၉ ကြိမ်ပြောဆိုခဲ့ပါတယ်။
Ref: Thaksin postpones his return to Thailand: Thai PBS
#PeopleMedia