• Follow Us on

Home သက်ဆင်သမီး ပေထောင်တန်ရှင်နာဝပ်ထရာ ၃၁ ယောက်မြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ

သက်ဆင်သမီး ပေထောင်တန်ရှင်နာဝပ်ထရာ ၃၁ ယောက်မြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာ ကို ထိုင်းအောက်လွှတ်တော်က သြဂုတ်လ ၁၆ ရက် (သောကြာနေ့) က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

 

ပေထောင်တန်ကိုယ်တိုင် တက်ရောက်ခြင်းမရှိတဲ့ အဲဒီဝန်ကြီးချုပ်လောင်း မဲပေးရွေးချယ်ပွဲမှာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲ၊ ကြားနေမဲ ၂၇ မဲနဲ့ ၎င်းကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

 

အောက်လွှတ်တော်အမတ် ၄၉၃ ဦးရှိတဲ့အနက် အမတ် ၄၈၉ ဦး တက်ရောက်ခဲ့တဲ့ ဒီရွေးချယ်ပွဲမှာ ဝန်ကြီးချုပ် ဖြစ်ဖို့ မဲအရေအတွက်အနည်းဆုံး ၂၄၈ မဲ ရရှိဖို့လိုအပ်တဲ့ မစ္စပေထောင်တန်ဟာ ထောက်ခံမဲ ၃၁၉ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာရဲ့သမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ပေထောင်တန်ဟာ ထိုင်းနိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

 

ထောင်ကျဖူးသူတစ်ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက် နေ့မှာ ရာထူးက ဖြုတ်ချလိုက်ပြီးနောက် ပေထောင်တန်က အခုလို ဝန်ကြီးချုပ်အဖြစ်ဆက်ခံလာတာဖြစ်ပါ တယ်။

 

သက်ဆင်ရှင်နာဝပ်ထရာမိသားစုမှာ သက်ဆင်နဲ့ သက်ဆင်ညီမ ယဉ်လတ်ရှင်နာဝပ်ထရာပြီးရင် ပေထောင်တန် ဟာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ တတိယမြောက်မိသားစုဝင်ဖြစ်ပါတယ်။

 

သက်ဆင်ရဲ့ယောက်ဖတော်စပ်သူ ဆမ်ချိုင်းဝေါင်းဆဝတ်ကလည်း ၂၀၀၈ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန် ထမ်း ဆောင်ခဲ့ဖူးပါသေးတယ်။

 

သက်ဆင်နဲ့ ညီမဖြစ်သူယဉ်လတ်တို့ မောင်နှမနှစ်ဦးကတော့ ၎င်းတို့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ်အ တွင်း စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်က ထွက်ပြေးခဲ့ကြရပါတယ်။

 

သက်ဆင်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခဲ့ ပေမဲ့ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တစ်နှစ်အထိ လျှော့ပေါ့ခံစားခွင့်ရခဲ့ပေမဲ့ ထောင်ထဲမှာမနေခဲ့ရ ဘဲ ရဲတပ်ဖွဲ့ဆေးရုံကြီးမှာသာ အချိန်ကုန်ဆုံးခဲ့ပါတယ်။

 

ကြာသတေးနေ့က ပါတီအစည်းအဝေးမှာလည်း ညွန့်ပေါင်းပါတီတွေက ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင် တန်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ထောက်ခံခဲ့ကြပါတယ်။

 

အစောပိုင်းက အသက် ၇၅ နှစ်အရွယ် ချိုင်းကာဆန်နီတီဆရီကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင် သွင်းဖို့ လျာထားခဲ့ပေမဲ့ ချိုင်းကာဆန်ဟာ ဘုရင်စနစ်ကိုကာကွယ်ထားတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်မယ့်အဆိုပြုချက် ကို ထောက်ခံခဲ့သူဖြစ်ကြောင်း ညွန့်ပေါင်းပါတီတွေက ဝိုင်းဝန်းထောက်ပြကြတယ်လို့ ဆိုပါတယ်။

 

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီက ဖီယူထိုင်းပါတီကတင်လာတဲ့ ဝန်ကြီးချုပ်လောင်းကို မဲပေးမှာ မ ဟုတ်ကြောင်း ပါတီခေါင်းဆောင် နတ်သပေါင်ရောင်းပန်းယာဝတ်က ကြာသပတေးနေ့က ပြောဆိုခဲ့သလို အ တိုက်အခံ လွှတ်တော်အမတ် ၂၅ ဦးရှိတဲ့ ဒီမိုကရက်ပါတီကလည်း မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ Move Forward ပါတီကို အသွင်ပြောင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ (People’s Party) ကတော့ လွှတ်တော်ထဲမှာ အဓိက အတိုက်အခံ အဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။

 

Ref: Paetongtarn Shinawatra elected Thailand’s 31st prime minister

 

#PeopleMedia


Share this post