• Follow Us on
Latest News

Home သက်ဆင်အနေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရရာ ထောင်ဒဏ် ၂ နှစ် လျှော့ပေါ့ခံရနိုင်ကြောင်း ထိပ်တန်း အစိုးရရှေ့နေပြော

သက်ဆင်အနေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရရာ ထောင်ဒဏ် ၂ နှစ် လျှော့ပေါ့ခံရနိုင်ကြောင်း ထိပ်တန်း အစိုးရရှေ့နေပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာ အနေနဲ့ အကျင့်ပျက်ခြစားမှုသုံးမှုနဲ့ တရားစွဲဆိုခံထားရရာ ထောင်ဒဏ် ၈ နှစ်ထက်မပိုဘဲ ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်း ထိပ်တန်းအစိုးရရှေ့နေတစ်ဦးက သြဂုတ်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

အမှုသုံးမှုအတွက် သုံးနှစ်၊ နှစ်နှစ်နဲ့ ငါးနှစ်စီ သီးခြားထောင်ဒဏ်တွေချမှတ်ခဲ့ပေမဲ့ သက်ဆင်အနေနဲ့ထောင်ဒဏ် ၈ နှစ်ထက်ပိုပြီး နေရမှာမဟုတ်ကြောင်း ရှေ့နေချုပ်ရုံးမှာတွဲဖက်ထားတဲ့ ထိပ်တန်းအစိုးရရှေ့နေတစ်ဦးဖြစ်သူ သာနာကရစ်ဗိုရာသာနတ်ချာကူလ်က ပြောပါတယ်။

 

ပထမအမှုနဲ့ ဒုတိယအမှုတို့ဟာ အချိန်တစ်ချိန်တည်းမှာ ထပ်တူဖြစ်ပွားနေတဲ့အတွက် ထောင်ဒဏ်နှစ်မျိုးကို တစ်ချိန်တည်းမှာပြစ်ဒဏ်ကျခံရမယ်လို့ အဓိပ္ပာယ်သက်ရောက်ကြောင်း ၎င်းကရှင်းပြပါတယ်။

 

သက်ဆင်အနေနဲ့ ပထမဦးဆုံးထောင်ဒဏ်သုံးနှစ်ကျခံပြီးနောက်ပိုင်းမှာ တတိယပြစ်ဒဏ်ဖြစ်တဲ့ထောင်ဒဏ် ငါး နှစ်ကို စတင်ကျခံရမှာဖြစ်ပါတယ်။

 

သက်ဆင်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က Exim Bank ချေးငွေအမှုနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါ တယ်။

 

အဲဒီအမှုမှာ သက်ဆင်ဟာ ၎င်းတို့မိသားစုပိုင်ကုမ္ပဏီက တယ်လီကွန်းပစ္စည်းတွေကို မြန်မာအစိုးရဝယ် ယူနိုင်အောင် မြန်မာအစိုးရကို ဘဏ်ချေးငွေတွေချေးပေးဖို့ ဝန်ကြီးချုပ်ရာထူးကို အသုံးပြုပြီး အာဏာအလွဲသုံး စားလုပ်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲဒီနောက် ဒစ်ဂျစ်တယ်ထီရောင်းချဖို့ တရားမဝင်ခွင့်ပြုခဲ့တဲ့အတွက် တရားရုံးချုပ် ပြစ်မှုဆိုင်ရာဌာနက သက် ဆင်ကို ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

 

အဲဒီအမှုကို ပထမအမှုပြီးမှ စတင်ကျခံစေရေးအတွက် အမိန့်ထုတ်ခဲ့ဖို့ တရားရုံးကို အစိုးရရှေ့နေတွေက တောင်းဆိုတင်ပြခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

အဲဒီနောက် အခွန်သက်သာခွင့်အစား မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းအတွက် ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် ထမ်းဆောင်ရမှာကို ရှင်ကော်ပိုရေးရှင်းက ထိန်းချုပ်ထားတဲ့သက်သာခွင့်ရရှိရေး ပြန်လည်ပြင်ဆင်ဖို့ ၎င်းရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့မှုအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ တရားရုံးက သက်ဆင်ကို ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပါတယ်။

 

ဒီအမှုမှာတော့ သက်ဆင်အနေနဲ့ ပထမပြစ်ဒဏ်နဲ့ ဒုတိယပြစ်ဒဏ်တွေ ကျခံပြီးမှသာ ဒီပြစ်ဒဏ်ကို စတင်ကျခံ စေရမယ်လို့ တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။

 

ဒစ်ဂျစ်တယ်လ်ထီအမှုကပြစ်ဒဏ်ကို Exim Bank ငွေချေးပေးတဲ့အမှုကပြစ်ဒဏ်ကျခံပြီးမှသာ ကျခံရမယ်လို့ တရားရုံးက အသေးစိတ်ဖော်ပြထားခြင်းမရှိတဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂ အရ အဲဒီပြစ်မှုနှစ်ခုစလုံးကို တပြိုင်တည်းမှာ ကျခံခွင့်ပြုထားတယ်လို့ အဓိပ္ပာယ်သက်ရောက်စေကြောင်း သာနာကရစ်ဗိုရာသာနတ်ချာ ကူလ်က ပြောပါတယ်။

 

Ref: 2 years can be trimmed off Thaksin’s 10-year jail sentence, says senior public prosecutor

 

#PeopleMedia


Share this post