သက်တမ်းရင့် ဆိုဗီယက်ခေတ်ဂျက်တိုက်လောယာဉ်ဟောင်းတွေကို အသေခံဒရုန်းတွေအဖြစ် မြောက်ကိုရီး ယား အသွင်ပြောင်းထုတ်လုပ်

PUBLISHED - August 29, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၉
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့တပ်မတော်ကို အဆင့်မြှင့်တင်တဲ့အနေနဲ့ ဆိုဗီယက်ထုတ် MiG ဂျက်တိုက် လေယာဉ်အများအပြားကို အသေခံဒရုန်းတွေအဖြစ် အသွင်ပြောင်းထုတ်လုပ်သွားမှာဖြစ်ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။
အသေခံဒရုန်းတွေအဖြစ် ပြောင်းလဲအသုံးပြုရာမှာ အဲဒီလေယာဉ်တွေမှာ ပဲ့ထိန်းဒုံးကျည်တွေကို တပ်ဆင်သွား မှာဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကို ကိုးကားပြီး The Korea Times သတင်းစာက ရေးသားပါတယ်။
အဲဒီအသေခံဒရုန်းတွေကို တောင်ကိုရီးယား စက်မှုလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး အသွင်ပြောင်းထုတ်လုပ်ထားတာလို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ MiG ဂျက်တိုက်လေယာဉ် ၄၃၁ စင်းအပါအဝင် ဂျက်တိုက်လေယာဉ် ၄၆၅ စင်းရှိနေ ကြောင်း စစ်ရေးဆန်းစစ်လေ့လာသူနဲ့ ကိုရီးယားစစ်ဘက်ဆိုင်ရာကွန်ရက် ရှင်အင်ကျွန်ရဲ့ဥက္ကဋ္ဌဖြစ်သူက ပြော ပါတယ်။
အဲဒီ MiG ဂျက်တိုက်လေယာဉ်တွေထဲမှာ MiG-17 ၁၀၇ စင်း၊ MiG-19 အစင်း ၁၀၀၊ MiG-21 အစင်း ၁၅၀၊ MiG-23 ၅၆ စင်းနဲ့ MiG-29 ၁၈ စင်း ပါဝင်ပါတယ်။
“တောင်ကိုရီးယားစစ်ဘက်က အခုလိုစစ်ရေးအရခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေတာ အချိန် အတော်ကြာပါပြီ။” လို့ တောင်ကိုရီးယားလေတပ်အငြိမ်စားဗိုလ်မှူးကြီး၊ ကိုရီးယားစစ်ရေးဆိုင်ရာအင်စတီကျူ ရဲ့ ထိပ်တန်းသုတေသီတစ်ဦးဖြစ်သူ ဟောင်ဆောင်ပျိုက The Korea Times ကို ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အလားတူအဝေးထိန်းစနစ်ကို ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အသုံးပြုခဲ့ကြောင်း၊ လက်ရှိအချိန်မှာ အဲဒီအသေခံဒရုန်းတွေကို ထုတ်လုပ်နိုင်စွမ်းရှိသလို မောင်းနှင်၊ ထိန်းသိမ်းနိုင်စွမ်းလည်းရှိနေ ကြောင်း ဆောင်ပျိုက ပြောပါတယ်။
လက်ရှိအသုံးပြုနေတဲ့ မောင်းသူမဲ့လေယာဉ်တွေထက် အရွယ်အစားပိုမိုကြီးမားတဲ့အတွက် အဲဒီအဝေးထိန်းစ နစ် အသေခံဒရုန်းတွေကို လေကြောင်းပစ်မှတ်တွေအဖြစ် ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေအသုံးပြုပစ်ခတ်ဖို့အ တွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
“ဂျက်တိုက်လေယာဉ်တွေက အဲဒီဒရုန်းတွေကို ကောင်းကင်ကို သယ်သွားကြပြီး အပေါ်ရောက်မှ သူ့ဘာသာသူ ပျံသန်းသွားပါတယ်။ ဂျက်တိုက်လေယာဉ်တွေက အဲဒီဒရုန်းတွေကို လေကြောင်းပစ်မှတ်အဖြစ် သဘောထားပြီး ဒုံးကျည်စမ်းသပ်ပစ်ခတ်ရာမှာ ပစ်မှတ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။” လို့ ဆောင်ပျိုက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက မကြာသေးခင်က ထုတ်ဖော်ပြသလိုက်တဲ့ အမေရိကန်ထုတ် MQ-9 Reaper ဒရုန်းနဲ့ RQ-4 Global Hawk ဒရုန်းတို့ကိုလည်း သတိထားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: North Korea Repurposing Aging Fighter Jets as Suicide Drones: Report
#PeopleMedia