• Follow Us on

Home သင်္ချာဘာသာရပ်ကိုလာရောက်ဖြေဆိုသူ ၁၂၈၇၀၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒဿမ ၈၄ ရာခိုင်နှုန်းရှိ

သင်္ချာဘာသာရပ်ကိုလာရောက်ဖြေဆိုသူ ၁၂၈၇၀၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒဿမ ၈၄ ရာခိုင်နှုန်းရှိ

Share this post

နေပြည်တော်၊ မတ် ၁၄

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ မတ်လ ၁၂ ရက်နေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

 

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၃၀ ခု စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့် လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒဿမ ၈၄  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး ရေသန့် ဘူးများနှင့် အချိုရည်ဘူးများပေးဝေခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post