• Follow Us on
Latest News

Home သင်္ဃန်းကျွန်းမြို့တွင် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

သင်္ဃန်းကျွန်းမြို့တွင် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉) ရှိ “မကြီး” မိတ္တူဆိုင်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း သေနတ် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီ ၄၅ အချိန်တွင် အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party)ဥက္ကဋ္ဌ ဦးသန်းထွန်းမှာ “မကြီး” မိတ္တူဆိုင်၌ ရှိနေစဉ်အတွင်း အနက်ရောင်အင်္ကျီဝတ်ထားသည့် PDF ၂ ဦးမှာ မိတ္တူဆွဲရန်အတွက် ဟန်ဆောင်ပြီး ထိုဆိုင်အတွင်းရောက်ရှိလာပြီး ဦးသန်းထွန်းကို သေနတ်ဖြင့် ပစ်ခတ် သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် (၅၄) နှစ်အရွယ် အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party) ဥက္ကဋ္ဌ ဦးသန်းထွန်း၏ ဘယ်ဘက်ရင်အုံတွင် ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ညာဘက်ရင် အုံတွင် ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်လက်ဖျံ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ညာဘက်လက် မောင်းရင်းတွင် ကျည်ထိမှန်ဒဏ်ရာ (၁) ချက်တို့ရရှိပြီး ၎င်းကိုဆေးရုံသို့ဆေးရုံသို့ ပို့ဆောင်ပြီး ဒဏ်ရာပြင်းထန် သောကြောင့် ဆေးကုသနေစဉ် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်၌ သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post