• Follow Us on
Latest News

Home သင်္ဃန်းကျွန်းမြို့တွင် ယာဉ်ရပ်နားသည့်ကွင်းအနီး၌ လက်လုပ်ချိန်ကိုက်မိုင်းအား လုံခြုံရေးတပ်ဖွဲ့မှ ရှင်းလင်း

သင်္ဃန်းကျွန်းမြို့တွင် ယာဉ်ရပ်နားသည့်ကွင်းအနီး၌ လက်လုပ်ချိန်ကိုက်မိုင်းအား လုံခြုံရေးတပ်ဖွဲ့မှ ရှင်းလင်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အောင်ဆုပန်ရပ်ကွက်၊ သံသုမာ လမ်းမကြီးဘေး သုဝဏ္ဏဘုမိကွင်းအတွင်းရှိ ယာဉ်ရပ်နားသည့်ကွင်းအနီးတွင် PDF များထောင်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းကို လုံခြုံရေးတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုယာဉ်ရပ်နားသည့်ကွင်းအတွင်းအနီး၌ PDF များ ထောင် ထားသည့် လက်လုပ်မိုင်းတွေ့ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့မှ ထိုနေရာသို့ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့်လပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်၊ သံသုမာနှင့် သုဝဏ္ဏ ၂၉ ရပ်ကွက်၊ သံသုမာနှင့် သုဝဏ္ဏလမ်းထောင့် Max ဆီဆိုင်အနီးတွင် PDF များထောင်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းကို လုံခြုံရေးတပ်ဖွဲ့မှ အချိန်မီဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post