သစေၾတးလ် စစ္ဘက္သုံး Hawkei မော်တော်ယာဉ်
PUBLISHED - March 26, 2019
Hawkei မော်တော်ယာဉ်ကို သြစတြေးလျ စစ်တပ်မှာအသုံးပြုနေပြီး Thales Australia ကုမ္ပဏီက ထုတ်လုပ်တာပါ။
ကားဒီဇိုင်းကို အစ္စရေးကုမ္ပဏီ Plasan၊ အမေရိကန် ကုမ္ပဏီ Boeing၊ သြစတြေးလျ ကုမ္ပဏီThales တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။
Four-wheel drive ဖြစ်ပြီး ကျည်ကာစနစ်လည်း ပါဝင်ပါတယ်။ မြင်းကောင်ရေ ၂၆၀ရှိ အင်ဂျင်ကို တပ်ဆင်ထားပြီး တစ်နာရီကို ကီလိုမီတာ ၁၃၀ အထိမောင်းနှင်နိုင်
ပါတယ်။
ဒီဇယ်သုံးကားဖြစ်ပြီး စက်သုံးဆီ ၂၀၀ လီတာအထိ ဖြည့်တင်းမောင်းနှင်နိုင်ပါတယ်။လူ လေးဦးမှ ခြောက်ဦးအထိ လိုက်ပါနိုင်ပြီး စစ်လက်နက်ပစ္စည်းများကိုလည်း တပ်ဆင်နိုင်ပါတယ်။
သြစတြေးလျ စစ်တပ်မှာ အသုံးပြုနိုင်ဖို့ ကားစီးရေ ၁၀၀၀ အတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်စာချုပ်ကို ၂၀၁၅ မှာ ချုပ်ဆိုခဲ့ပါတယ်။
https://www.facebook.com/303185163868226/videos/1212635525563337/