သစ်သားတံတားကို ဒေသခံအကြမ်းဖက်များမှ မီးရိူ့ဖျက်ဆီး
PUBLISHED - February 17, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၊ ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းနှင့် ကံသာကျေးရွာကို ဆက်သွယ် ထားသည့် သစ်သားဘေလီတံတားကို မီးရိူ့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက် နေ့လည် ၂ နာရီခန့်တွင် ပင်ဦးကျေးရွာအုပ်စု၊ ကံသာကျေးရွာအနီး၊ ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းနှင့် ကံသာကျေးရွာကို ဆက်သွယ်ထားသည့်သည့် သစ်သားတံတားကို မီးရိူ့ဖျက်ဆီးခဲ့ ကြောင်း သိရပါတယ်။
ထိုမီးလောင်သည့် သစ်သားဘေလီတံတားကို ကျေးရွာရှိပြည်သူများမှ ရေပုံးများဖြင့် ငြှိမ်းသတ်ရာ မီးငြိမ်းသွားကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia
(unicode)
………………………………
Photo – Credit
#PeopleMedia