သတင်းထောက်နှစ်ဦးထံမှ သေနတ်ကျည်ဆံ၊ ဗုံးသီး၊ ကျည်ကာအင်္ကျီနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ
PUBLISHED - February 4, 2022
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ သတင်းထောက်နှစ်ဦးထံမှ သေနတ်ကျည်ဆံ၊ ဗုံးသီး၊ ကျည်ကာ အင်္ကျီနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့၍ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံက သိရပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးသည် Media Top 4 Online မီဒီယာ၌ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူနှစ်ဦးဖြစ်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းကို လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေရာ အထက်ပါအတိုင်း ခဲယမ်းများ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဖြစ်စဉ်အပေါ် People Media မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ကျန်တာကတော့ အခုလောလောဆယ် မပြောလို့မရသေးဘူး၊ သတင်းထုတ်ပြန်တဲ့အချိန်အထိ စောင့်ကြည့်ပါ” လို့ ပြောပါတယ်။
အဆိုပါ သတင်းထောက်နှစ်ဦး နေထိုင်ရာ နေအိမ်အတွင်းမှ ပွိုင့် ၂၂ ကျည် ကျည် ၄၀၀၀ တောင့်၊ ၄၀ မမ ဗုံး သီး ၁၅ လုံး၊ ကျည်ကာအင်္ကျီနှစ်ထည်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
Photo – ပုံဟောင်းအသုံးပြုထားသည်။
#PeopleMedia #သတင်းထောက် #လက်နက်များ
(unicode)
……………………………………………………………