• Follow Us on

Home သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ထား၍ တောင်ဥက္ကလာပမြို့နယ်ရှိ Domino Club အား ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး

သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ထား၍ တောင်ဥက္ကလာပမြို့နယ်ရှိ Domino Club အား ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး

Share this post

 

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ စက်မှုဇုန် (၆)လမ်း၊ အမှတ် ၇/ခတွင် ဖွင့်လှစ်ထားသော Domino Club အား ယနေ့ နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ ပူးပေါင်းအဖွဲ့ဝင်များမှ ဝင် ရောက်စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးစဉ် ဆိုင်အတွင်း ကန့်သတ်ချိန်ကျော်လွန်စားသောက်နေသော အမျိုးသား ၈၇ ဦး အမျိုးသမီး ၅၅ ဦး၊ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်း ၄၀ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးသုံးစွဲ ခြင်းရှိမရှိနှင့် မူးယစ်ဆေးလက်ဝယ်ရှိမရှိ စစ်ဆေးပြီး နံနက် ၁ နာရီ ၃၀ မိနစ်တွင် စားသောက်သူ ၁၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ဆိုင်မန်နေဂျာဦးနိုင်လင်းသိန်းအား ကန့်သတ်ချိန်ကျော်လွန်ဖွင့်လှစ်မှုဖြင့် ဖမ်းဆီးအရေးယူထားပြီး ဆိုင်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post