• Follow Us on
Latest News

Home သထုံမြို့တွင် ကားလက်မှတ်ရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

သထုံမြို့တွင် ကားလက်မှတ်ရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ သိမ်ဆိပ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးတွင် ကားလက်မှတ်ရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိ ရသည်။

 

ဇန်နဝါရီလ ၁၈ ရက် ည ၇ နာရီကျော်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၅/၃ နှင့် ၁၃၅/၄ အကြားသို့ PDF များမှ ကားလက်မှတ်ဝယ်ရန်ပြောပြီး ကိုမျိုးမင်းကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရ သည်။

 

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် ကိုမျိုးမင်း၏ ရင်ဘက် ၃ ချက်၊ ဦးခေါင်းနောက်စေ့၂ ချက်တို့ရရှိ၍ သေဆုံးသွား ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post