• Follow Us on

Home သထုံမြို့တွင် ကားလမ်းဘေးနေအိမ်ဈေးဆိုင်၌ မူးယစ်ဆေးရောင်းသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

သထုံမြို့တွင် ကားလမ်းဘေးနေအိမ်ဈေးဆိုင်၌ မူးယစ်ဆေးရောင်းသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ညောင်လေးပင်၊ ကတိုက်ကလေးလမ်းအနီးရှိ ကားလမ်း မဘေးတွင် နေအိမ်ဈေးဆိုင်၌ မူးယစ်ဆေးဝါးရောင်းသူ အမျိုးသားကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တာဝန်ရှိသူများမှ သတင်းရရှိသောကြောင့် ကတိုက်ကလေး လမ်းအနီး ကိုမင်း၏နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် နေအိမ်ဈေးဆိုင်နောက်ဘက် မီးဖိုချောင်ဝါးထရံတွင် ချိတ်ဆွဲထားသည့် အစိမ်းရောင်ပလပ်စတစ်ဆွဲခြင်းတောင်းအတွင်း Vievet တံဆိပ်ပါ အစိမ်းရောင်ကော်ဗူး အတွင်းမှ အပြာရောင်ကပ်ခွါပလပ်စတစ် အိတ်အသေး ခြောက်အိတ်အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရှူးသွပ်ဆေးပြား ၉၆၈ ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အသက် (၄၈) နှစ်အရွယ် ကိုမင်းကို သိမ်ဆိပ်နယ်မြေရဲစခန်းမယ(ပ)၁/၂၀၂၄ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post