သထုံမြို့တွင် ကုန်စုံဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်အငြိမ်းစားတပ်မတော်အရာရှိတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - October 5, 2023
နေပြည်တော်၊ အောက်တိုဘာ ၅
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာဘန်းကျေးရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှာ နေအိမ်ကုန်စုံဆိုင်၌ ဈေးရောင်းနေစဉ် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ကြာဘန်းကျေးရွာတွင် နေထိုင်သည့် အငြိမ်း စားတပ်မတော်အရာရှိ ဦးဝင်းနောင်မှာ ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်၌ ဈေးရောင်းနေစဉ် PDF (၃) ဦးမှ ရောက်ရှိလာပြီး ၎င်းကိုပစ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် အငြိမ်းစားတပ်မတော်အရာရှိ ဦးဝင်းနောင်မှာ အသက် (၅၄) နှစ်ရှိပြီး PDF များ၏ပစ်ခတ်မှု ကြောင့် ဘယ်ဘက်နားထင်နှင့် ညာဘက်ပါးတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၂) ချက်တို့ရရှိပြီး သေဆုံးသွား ကြောင်း သိရသည်။
Photo – Credit
#PeopleMedia